Channel Myanmar

Hilmi Sözer

The Magic Kids: Three Unlikely Heroes 2020 4.6
The Magic Kids: Three Unlikely Heroes 2020 ဒီဇာတ်လမ်းလေးကတော့ ကလေးလူငယ်တွေရော လူကြီးတွေရောပါ ကြိုက်ကြတဲ့မှော်စွမ်းအားတွေ စွန့်စားခန်းတွေ ပါ၀င်တဲ့ fantasy movie လေးဖြစ်ပါတယ် ဟိုးအရင်ကထဲက ရှိခဲ့တဲ့ ‌သွေးစုပ်ဖုတ်ကောင် သမန်းဝံပုလွေ စုန်း မှင်စာနဲ့ အခြားမှော်၀င်သတ္တဝါ‌‌တွေဟာ တောနက်ကြီးထဲက လျှို့ဝှက်မှော်မြို့တစ်မြို့မှာနေထိုင်လျက်ရှိပါတယ် အဲ့မြို့ကို ပြင်ပသာမာန်လူလောကမှာ ကြီးပြင်းခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်လေး ဗလက်နဲ့ သူ့အဖေတို့သားအဖနှစ်ယောက်ဟာ မြို့တော်၀န်ရဲ့ ဖိတ်ကြားမှုအရ မှော်ကျောင်းမှာတက်ဖို့ ပြောင်းလာကြပါတယ် ဒါ‌ပေမယ့် သူတို့ကိုဖိတ်ကြားရတဲ့အကြောင်းအရင်းရှိပါတယ် အဲ့တာကို ဗလက်နဲ့သူ့အဖေနှစ်ယောက်လုံး မသိကြပါဘူး။ ဗလက်ဟာ အဲ့မှော်ကျောင်းမှာ သူနဲ့စိတ်တူကိုယ်တူ ဖြစ်တဲ့ သမန်းဝံပုလွေ နဲ့ ‌မှင်စာမလေးကို သူငယ်ချင်းအဖြစ်ပေါင်းမိသွားပါတယ် ရုတ်တရက်သူတို့ ဒီမြို့ကို ရောက်လာရတဲ့ အဖြစ်မှန်ကို သိလိုက်ရတဲ့ အချိန်မှာတော့ ဗလက်ရယ် သူ့ သူငယ်ချင်းနှစ်ယောက်ရယ် ဘယ်လိုစွန့်စားခန်းဖွင့်မလဲ ဘယ်လိုအဖြစ်မှန်ကိုဖော်ထုတ်ပြီး မှော်မြို့ကြီးကို ကယ်တင်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ မှော်အတတ်တွေ သတ္တဝါဆန်းတွေ စုန်းတွေ နတ်သမီးတွေ ကလေးသုံးယောက်ရဲ့ ...
movie

The Magic Kids: Three Unlikely Heroes 2020