Channel Myanmar

Hio Miyazawa

To Every You I’ve Loved Before (2022) 7.3
To Every You I’ve Loved Before (2022) IMDb 7.2/10 MyAnimeList 7.4/10To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်​ပေးဦးမှာပါ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ်ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းက​တော့Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ ...
movie

To Every You I’ve Loved Before (2022)

2022
Goodbye Cruel World (2022) 5.9
Goodbye Cruel World (2022) Goodbye Cruel World IMDB 5.8

ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie

Goodbye Cruel World (2022)

His (2020) 7.5
His (2020) His 2020ကိုယ်ကြိုက်ချင်တဲ့လူကို ကြိုက်ခွင့်ရှိတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တဲ့ ကဲ အဓိပ္ပါယ်လေးကတော့ ထိထိမိမိနဲ့ ရှင်းရှင်းလေးပါပဲကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ သဘောသဘာဝကြီးကတော့ လွတ်လပ်ခွင့်တွေကို အပြစ်တင် ဝေဖန်တတ်ကြစမြဲဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကြီးမှာပဲ နေသားတကျဖြစ်အောင်နေရင်း ရှေ့ဆက်လျှောက်လှမ်းကြရတာပါပဲအဲ့လိုရှေ့ဆက်လျှောက်လှမ်းကြမယ့် ကောင်းလေးနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဒီဂျန်ကားလေးထဲမှာ စီးမျောကြည့်ဖို့ အကျဉ်းချုပ်လေး ပြောပြရရင်ရွှမ်နဲ့ နာဂီဆာ တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထိလည်း ဆက်ဆံရေးလေးဟာ ချိုမြိန်နေခဲ့ပါတယ်ဘွဲ့ရခါနီး တနေ့မှာတော့ မထင်မှတ်စွာပဲ နာဂီဆာက ရွှမ်ကို လမ်းခွဲပြီး ထားပစ်ခဲ့ပါတော့တယ်စိတ်ဒဏ်ရာတွေကြောင့် ရွှမ်တယောက် လူတွေနဲ့ သိပ်မဆက်ဆံရတဲ့ ကျေးလက်ဒေသလေးမှာ ဇာတ်မြုှပ်နေခဲ့ပြီး နှစ်တွေကြာပြီးနောက်နာဂီဆာဟာ သူ့ရဲ့ချစ်စရာ သမီးလေး ဆိုရာကိုခေါ်ပြီး ရွှမ့်ဆီ ပြန်ရောက်လာတဲ့ခါ...ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်နေရင်တောင် သူတို့ရဲ့လွမ်းဆွတ်အားငယ်စရာ ခံစားချက်တွေကို သိမြင်ခံစားလာစေမယ့် မိသားစုဆန်ဆန် BLကားလေးဖြစ်လို့ ရင်ထဲတခုခု စွဲကျန်နေခဲ့မှာ အသေအချာပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

His (2020)