Channel Myanmar

Hiroshi Kobayashi

Liverleaf (2018) 6.2
Liverleaf (2018) Liverleaf (2018) ~ Sound Error FIXED!!! ~ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... "နိုဇကိ ဟရုက"ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Liverleaf (2018)

2018
[18+] Pink Cut: Love Me Hard, Love Me Deep (1983)
[18+] Pink Cut: Love Me Hard, Love Me Deep (1983) Pink Cut: Love Me Hard, Love Me Deep (1983)Nikkatsu Pink Films တွေထဲက ရှားရှားပါးပါး အချစ်ဟာသပုံစံနဲ့ ကားလေးတစ်ကားပါ။ Mami ဆိုတဲ့ ဆံသဆိုင်ပိုင်ရှင်ကောင်မလေးဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကို ဆိုင်မှာခန့်ထားပြီး ယောက်ျားလေးဖောက်သည်တွေကို ဆွဲဆောင်ပါတယ်။ သူကိုယ်တိုင်လည်း ကောလိပ်ကို ဖြတ်လမ်းကနေ အတန်းမတက်ပဲအောင်ဖို့ ကောလိပ်ဆရာကြီးတစ်ယောက်ကိုဝင်အောင်းထားပါတယ်။သူ့ဆိုင်မှာလာညှပ်နေတဲ့ ကောလိပ်ကျောင်းသားလေး Akira ကတော့ ချစ်သူနဲ့နီးစပ်ဖို့ အလုပ်ရှာနေပေမယ့်အလုပ်ကံခေလို့ ချစ်သူရဲ့ငြိုငြင်မှုကို ခံနေရသူဖြစ်ပါတယ်။ Akira နဲ့ချစ်သူကောင်မလေး၊ Mami နဲ့ကောလိပ်ဆရာ၊ Mami ရဲ့ဆိုင်ကဆံသဆရာမလေးတွေနဲ့ဖောက်သည်တွေရဲ့ ဇာတ်လမ်းအစုံစုံတို့ကို ဟာသနှောပြီး ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတာပါ။ မြင်နေကျကားတွေမှာလို ကြိုးတုပ်တာတွေ ဖယောင်းစက်ချတာတွေ နှိပ်စက်အဓမ္မတွေမပါဝင်ပဲ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားအတိုင်း အရောင်စုံပေါ့ပေါ့ပါးပါး ရှုစားခံစားဖီးတက်ရမယ့် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 620MB Quality ...
movie

[18+] Pink Cut: Love Me Hard, Love Me Deep (1983)

1983