Channel Myanmar

Hitu Kanodia

Vash (2023) 7
Vash (2023) Vash 2023 မာယာရှင်ရဲ့လှည့်ကွက်သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အမျှ အရာရာကို သိပ္ပံပညာနဲ့ဖြေရှင်းလို့ရ‌လာ‌ပေမဲ့ ‌ အောက်လမ်း အထက်လမ်း သရဲ တစ္ဆေ ပရလောက အစရှိသဖြင့် လောကမှာ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ အများကြီးပါပဲ။ အခုဒီဇာတ်ကားလေးက ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။အာသာဗာက လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအန့်ရှ်နဲ့ သမီးဖြစ်သူအာရ်ယာ ဇနီးဖြစ်သူဘီမာနဲ့ အေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။ အာသာဗာကတော့ လက်တွေ့သမားပီပီ ဖြစ်ရပ်ဆန်းတွေကို မယုံကြည်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။တစ်နေ့ ချောင်ကျတဲ့ရွာတစ်ရွာမှာ ခရီးထွက်ရင်းဖို့လုပ်ရင်း ပရာတာ့ပ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပြီး ပရာတာ့ပ်ရဲ့ကူညီမှု ဖော်ရွေမှုနဲ့ သူတို့မိသားစု ရင်းနှီးသွားကြတော့တာပေါ့။ ဒါပေမဲ့ မိသားစုထဲကို ပရာတာ့ပ်ရောက်လာပြီးတာနဲ့ အာရ်ယာတစ်ယောက် ထူးဆန်းတဲ့အမူအရာတွေပြလာတဲ့အခါမှာတော့...မိသားစုထဲမှာ ပြဿနာဖြစ်လာချိန်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အာသာဗာတစ်ယောက် ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) File size…1.35GB / 601MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vash (2023)

2023
Shubh Yatra (2023) 7.6
Shubh Yatra (2023) Shubh Yatra (2023) IMDb 7.6/10ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး စီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မက မိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ...ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ် ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီး အမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ် ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သား ဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရော ရောက်နိုင်ကြပါ့မလားဆိုတာကတော့...(အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်) File size….1.62GB / 748MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~V ~Zwe Yan
movie

Shubh Yatra (2023)

2023