Channel Myanmar

Hong Dal-pyo

The Legendary Lighter (2019) N/A
The Legendary Lighter (2019) (Unicode)ဒီကားကတော့ 2019 အောက်တိုဘာကထွက်ရှိထားတဲ့ Action ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးက ပုံပြင်လေးတစ်ပုဒ်ကစတယ်။တစ်ခါတုန်းက လူမိုက်လောကမှာ သူ့လက်ထဲမီးခြစ်တချောင်းရှိရုံနဲ့တင် အယောက် ၂၀ လောက်ကို အပြတ်ရှင်းနိုင်တဲ့ Lighter လို့ခေါ်တဲ့ နာမည်ကြီးတစ်ယောက်ရှိတယ်။သူကသူစောင့်ရှောက်ရတဲ့ သူဠေး(လူမိုက်ဥက္ကဠပေါ့)အဲ့လူအပေါ်အရမ်းသစ္စာရှိတဲ့သူတစ်ယောက်။အဲ့ဒီလူမိုက်ဥက္ကဠကြီးကွယ်လွန်သွားပြီး ဖခင်အမွေဆက်ခံသူကတော့ အဲ့ဥက္ကဠကြီးရဲ့သားဖြစ်သူပေါ့။အဖေထက်သားတစ်လကြီးဆိုသလိုပဲ သားဖြစ်သူက ရိုင်းတယ် ဆိုးတယ် အဲ့တာထက်ယုတ်မာတယ်။မဟုတ်တာမှန်သမျှအကုန်လုပ်တယ်။အဲ့လိုလူအောက်မှာ Lighter တစ်ယောက် မနေချင်တော့ဖူး။လူမိုက်လောကစွန့်ခွာပြီး လူပီသတဲ့သူတစ်ယောက် ဖြစ်အောင် Lighter ကြိုးစားချင်တယ်။အဲ့ဒီအတွက်သူအဲ့ဒီအဖွဲ့အစည်းကထာဝရနုတ်ထွက်လိုက်ပြီး သာမန်လူတစ်ယောက်အဖြစ်နေထိုင်သွားခဲ့တယ်။သူဘယ်သူလဲမသိဖူး။ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိဖူး။ဒဏ္ဍာရီပုံပြင်တစ်ပုဒ်အဖြစ်သူအကြောင်းက လူမိုက်လောကမှာ ကျန်နေရစ်ခဲ့တယ်။အဲ့ဒီဂန္တဝင်လူမိုက်ကြီးက ဘယ်သူဖြစ်နေမလဲ။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အဲ့ဒီလိုလူကြမ်းကို အရည်ပျော်သွားအောင်၊ကျားကနေ ယုန်ကလေးဖြစ်သွားအောင် လုပ်နိုင်ခဲ့သူတစ်ဦးလည်းရှိနေပါသေးတယ်။အချစ်ဆိုတဲ့အရာက ဒဿဂီရိလိုကြမ်းနေတဲ့သူကိုတောင် ပြောင်းလဲစေနိုင်တယ်ဆိုတာကို ဒီဇာတ်ကားလေးမှာ တွေ့မြင်ရမှာပါ။အချစ်ကြီးချစ်တတ်သူ၊ မိုက်ပေမယ့် မယုတ်မာတတ်တဲ့ လူမိုက်တဖြစ်လဲ လူရိုးကြီးရဲ့ Action ခန်း လှလှပပတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမယ့်အပြင်ကြမ်းပေမယ့်နှလုံးသားကနုပါတယ်ဆိုသလို လူမိုက်ကြီးရဲ့ ချစ်တတ်ပုံကိုလည်းတွေ့ရအုန်းမှာပါ။လူမိုက်လောကရဲ့ ရှုပ်ထွေးပုံ၊လူမိုက်တစ်ယောက်ရဲ့အချစ်ကြီးပုံ၊စတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ပြသွားတဲ့အပြင်ဇာတ်လမ်းမအီရအောင်လည်း တချို့အခန်းတွေမှာ ...
movie

The Legendary Lighter (2019)

2019