Channel Myanmar

Huang Tao

The Plot of Fire ( 2024 ) 5.9
The Plot of Fire ( 2024 ) CMကနေ ဒီတစ်ခါမှာတော့ တရုတ်ရိုးရားတစ်ခုဖြစ်တဲ့ မီးတောက်သွင်းတဲ့ပညာကို ပုံဖော်ရိုက်ကူးထားတဲ့ သိုင်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် မင်ပြည်ရဲ့ခြုံလွှာကိုယ်ရံတော်ချီထုဦး‌ဆောင်တဲ့ ကိုယ်ရံတော်၅ဦးက ချောင်ပြည်နဲ့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိန်မိဖုရားကို ဆက်သပို့ဆောင်ပေးတာကနေအစချီထားပါတယ်စစ်ပွဲခေတ်ကာလဖြစ်တာကြောင့် မဟာမိတ်ဖွဲ့ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ပါဘူး ထုံးစံအတိုင်းပါပဲ သူတို့တွေ လှည့်ကွက်ထဲကိုဝင်သွားခဲ့ပါတယ် နောက်ဆုံးသူတို့၅ဦးနဲ့ မိန်းမိဖုရားပဲအသက်ရှင်လျက် ချောင်ပြည်ကနေထွက်ပြေးလွတ်မြောက်ပြီး တောင်တွေဝန်းရံထားပြီး ဝင်တိုက်ဖို့ခက်ခဲတဲ့ ယန်ရွာလေးမှာ ယာယီနေရင်း ချောင်စစ်တပ်ကို ပုန်းရှောင်နေရင်းမှာတင်ပဲ သူတို့နေတဲ့ရွာလေးကို အင်အားကြီးမားလာတဲ့ဂျပန်ဓါးပြတွေက တိုက်ခိုက်လာပါတော့တယ်အခက်ခဲတွေမျိုးစုံကို အဖက်ဖက်ကနေ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ သူတို့တွေ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမှာလဲ တရုတ်ပြည်ရဲ့တိမ်မြှုက်နေ‌တဲ့ မီးတောက်သွင်းအတတ်ပညာကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့လို့ စိတ်ဝင်စားစဖွယ် ကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Martial , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

The Plot of Fire ( 2024 )

Eye for an Eye 2 ( 2024 ) 6.1
Eye for an Eye 2 ( 2024 ) 2023 တုန်းက ထွက်ရှိထားတဲ့ Eye For An Eye ( 2023 ) – Channel Myanmar ရဲ့ အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာ ထောက်ကြည့်နိုင်ပါတယ်Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်က ဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။ သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထား ထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကို မျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေ ကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက် ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။ Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့ မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေအတွက် ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Eye for an Eye 2 ( 2024 )

Legend Of The Immortal ( 2023 ) 5.9
Legend Of The Immortal ( 2023 ) ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား... ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ... ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား...ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့...ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့... ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့...ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ... လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား... ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery Runtime : 1h 21 min Subtitle : ...
movie

Legend Of The Immortal ( 2023 )