Channel Myanmar

Ian McNeice

Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) [Unicode]IMDb rating 5.4/10 ရရှိထားပြီး ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတို့ရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပု့ိဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ် ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလား လောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရင်သပ်ရှူမောဖွယ်ရာ ရိုက်ကွင်းရိုက်ကွက်များနဲ့ ရှူစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါအုံးဗျာ။( ပါဝင်ရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပြည်သူ့ အသည်းကျော် ဂျက်ကီချန်းဆိုတော့ အထွေအထူးမပြောတော့ပါဘူး ) [Zawgyi]IMDb rating 5.4/10 ရရွိထားျပီး ...
movie

Around the World in 80 Days (2004)

The Man Who Invented Christmas (2017) 7.1
The Man Who Invented Christmas (2017) အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းစ် ဆိုရင်ကမ္ဘာ့စာ​ပေလောကမှာမသိတဲ့လူမရှိပါဘူး။သူဟာအောင်မြင်တဲ့စာအုပ်များစွာကိုရေးသားခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ အံ့သြလောက်အောင် အရောင်းရဆုံးတွေဖြစ်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ လူတွေရဲ့နှုတ်ဖျား တွေ ရုပ်ရှင်ကားတွေမှာ ခုထိအသက်ဝင်ရှင်သန်နေတုန်းပါပဲ။မြန်မာနိုင်ငံကအများသိကြတဲ့ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း သူ့ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Great Expectation ဆိုတဲ့စာအုပ်ကို “မျှော်တလင့်လင့်”ဆိုပြီး မြန်မာမှုပြုရေးသားခဲ့ဖူးပါတယ်။ဒီရုပ်ရှင်လေးကတော့ စာရေးဆရာကြီးချားလ်စ်ဒစ်ကင်းစ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ခပ်မြူးမြူးလေးရိုက်ပြထားတဲ့Drama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချားလ်စ်ဟာ A Christmas Carol ဆိုတဲ့စာအုပ်ကိုမထုတ်ခင်ရှေ့မှာစာအုပ်သုံးအုပ်ဆက်တိုက်အရှံူးပေါ်ခဲ့ပါတယ်။ဒါနဲ့ခုစာအုပ်ကိုရေးဖို့ သူ့မှာ ဖိအားများစွာဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးသူဒီစာအုပ်ကိုရေးသားထုတ်ဝေပြီးချိန်မှာ အရင်ခရစ္စမတ်ကိုပစ်ထားကြတဲ့ အင်္ဂလိပ်တွေကစလို့ တစ်ကမ္ဘာလုံးကလူတွေ ခရစ္စမတ်ကိုယနေ့ထိပြန်လည်ကျင်းပလာကြတယ်လို့ဆိုပါတယ်။၂၀၁ရခုနှစ် နိုဝင်ဘာမှာထွက်ခဲ့တဲ့ကားဖြစ်ပြီး Rating တွေကတော့ Rotten Tomatoes 80%, IMDB 7.1/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုရမှာပါ။တကယ်ကောင်းမကောင်းဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုတော်မူကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဆရာ ဇွဲပါ)File Size : (850 MB) and (290 MB) Quality : Blu-Ray 720p Running Time : 1h 44min  Format ...
movie

The Man Who Invented Christmas (2017)

2017