Channel Myanmar

J.K. Simmons

Kung Fu Panda 3 7.1
Kung Fu Panda 3 Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ Movie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။ 1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့ အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.8/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ၀ိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး ဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက် လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က သူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး ပန်ဒါရွာကို ...
7.1
IMDB: 7.1/10 106,361 votes
movie

Kung Fu Panda 3

2016
Zootopia (2016) 8.0
Zootopia (2016) Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ၀တ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး tongue emoticon ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တ၀ါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့ မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာ အာမခံပါတယ် ဇတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ ...
8.0
IMDB: 8.0/10 346,045 votes
movie

Zootopia (2016)

2016
Blu-Ray 1080p
Whiplash (2014) 8.5
Whiplash (2014) Whiplash(2014) IMDb….8.5,,,,,,,Rotten….94 ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..   File Size…(900MB) and (376MB) Quality…BluRay ...
8.5
IMDB: 8.5/10 523,478 votes
movie

Whiplash (2014)

2014
Renegades (2017) 5.6
Renegades (2017) ဒီကားလေးကလည်း ၂၀၁၇ခုနှစ်ကထွက်ထားတဲ့ ပေါ့ပေါ့ပါးပါး Action ကားလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Steven Quale ရိုက်ကူးထားတာဖြစ်ပြီး နေတိုးတပ်ဖွဲ့စစ်ခြေစိုက်စခန်းထားရှိရာ ဘော်စနီးယားနိုင်ငံ ၁၉၅၅ခုနှစ်တွင် ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သြစတျေးလျသရုပ်ဆောင် Sullivan Stapleton ၊ ဗြိတိန်သရုပ်ဆောင်/ရုပ်ရှင်ထုတ်လုပ်သူ Charlie Bewley တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမေရိကန် Navy Seal တပ်ဖွဲ့ဝင်၅ဦးရဲ့ စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၅၅ခုနှစ် ဘော်စနီးယားနယ်တ၀ိုက်တွင် ပြန်လည်ထူထောင်ရေး၊ နယ်မြေလုံခြုံရေးတို့အတွက် နေတိုးတပ်ဖွဲ့မှ ၀င်ရောက် အခြေစိုက်ဖြေရှင်းပေးနေချိန်မှာ အဆိုပါတပ်ဖွဲ့ဝင်၅ဦးဟာ စစ်ဆင်ရေးတစ်ခုတွင်ပွဲကြီးပွဲကောင်းနွဲခဲ့ပြီးနောက် ၃ရက်လောက် အနားပေးခံရပါတယ်။ အဲဒီအတောအတွင်း စတေတန်ရဲ့ဒေသခံကောင်မလေးကနေတဆင့် နှစ်ပေါင်း၅၀ခန့် တိမ်မြုပ်နေခဲ့တဲ့ ပြင်သစ်ကနေ နာဇီဂျာမနီတပ်ဖွဲ့တွေခိုးသွားတဲ့ ရွှေချောင်းတွေအကြောင်းကိုသိလိုက်ရပါတော့တယ်။ ဒါနဲ့ပဲ သူတို့ငါးယောက်နဲ့အတူ စတေတန်ရဲ့ကောင်မလေးတို့ပူးပေါင်းပြီး အဲဒီရွှေတွေကို ရန်သူ့နယ်မြေထဲမှာ ရှာပုံတော်ဖွင့်ကြတော့တာပါပဲ။ US Navy Seal တပ်ဖွဲ့ဝင်တွေကံကောင်းပြီး အဲဒီရွှေတွေကိုရသွားနိုင်မလား။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ပါဦး။ Action ကြိုက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါး အပန်းပြေကြည့်ရှုနိုင်မည့်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။   File Size : (900 MB) ...
5.6
IMDB: 5.6/10 668 votes
movie

Renegades (2017)

2017
Up in the Air (2009) 7.4
Up in the Air (2009) ဘ၀ဆိုတာ ခရီးရှည်တစ်ခု... ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ... လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။ IMDB 7.4 | RT 91% | Roger Ebert 4/4 ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ " ခင်ဗျား အလုပ်ပြုတ်ပြီ " ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ ...
7.4
IMDB: 7.4/10 285,137 votes
movie

Up in the Air (2009)

2009
The Snowman (2017) 5.2
The Snowman (2017) ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။ နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။ လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
5.2
IMDB: 5.2/10 13,649 votes
movie

The Snowman (2017)

2017
Rock Dog (2016) 5.6
Rock Dog (2016)   2016 မှာထွက်ထားတဲ့ကာတွန်းတစ်ကားဖြစ်ပြီး တရုတ်-အမေရိကန်ဖက်စပ်ဖြစ်ပါတယ်... IMDb 5.5 ရရှိထားပြီး ကာတွန်းကားကြိုက်သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. တရုတ်တို့ထုံးစံအတိုင်း ကွန်ဖူးအနည်းငယ်ပါသလို သိုးတွေရဲ့ထုံးစံအတိုင်း အရာရာကို မေ့တတ်ပြီး အပူအပင်ကင်းတဲ့ပုံစံပုံဖော်ထားတာကြောင့် ဟာသရောထားတဲ့ဇာတ်ကားလို့ ဆိုရမှာပါ.. ဇာတ်လမ်းအကျဉ်းကတော့... နှင်းတောင်တန်းတစ်ခုပေါ်မှာ သိုးတွေစုဝေးနေထိုင်ကြတဲ့မြို့တစ်မြို့ရှိပါတယ်.. သူတို့ဟာ ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ သီချင်းလေးတီးလိုက် ဆိုလိုက်.. သိုးမွှေးတွေထုတ်လုပ်လိုက်နဲ့ ငြိမ်းချမ်းနေကြသူတွေပါ... သူတို့ကို စောင့်ကြပ်ပေးတဲ့မြို့စောင့်ကြီးကတော့ Khampa လို့ခေါ်တဲ့ တိဗက်ခွေးတစ်ကောင်ပဲဖြစ်ပါတယ်.. အဲဒီခွေးတွေဟာ မျိုးရိုးစဉ်ဆက် မြို့စောင့်အလုပ်ကို လုပ်ခဲ့ကြသူတွေဖြစ်ပြီး သိုင်းပညာတတ်ကျွမ်းသူတွေပါ... လောကကြီးမှာ ကိုယ်က ဘယ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်နေပါစေ... ဒါကို ဖျက်စီးမယ့်အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ.. အဲလိုပဲ သိုးတွေရဲ့မြို့ကို အပိုင်သိမ်းပြီး စားသောက်ပစ်ဖို့ အမြဲချောင်းနေတဲ့ဝံပုလွေအုပ်ကြီးရှိပါတယ် သူတို့မြို့ကို ကျူးကျော်တိုက်ခိုက်ပေမယ့်လည်း Khampa ကြောင့် အမြဲနောက်ဆုတ်ပြီး ပြေးရတာမို့ Khampa ကိုတော့ အသေကြောက်ရပါတယ်.. Khampa မှာ Bodi လို့ခေါ်တဲ့ သားတစ်ကောင်ရှိပြီး သူကတော့ ...
5.6
IMDB: 5.6/10 716 votes
movie

Rock Dog (2016)

2016
All Nighter (2017) 6.0
All Nighter (2017)   မာတင် ဆိုတဲ့ လူငယ်လေးဟာ တီးဝိုင်း အဖွဲ့ငယ် တစ်ခုတွင် ဘင်ဂျို တီးတဲ့ ဂီတ သမား ရိုးရိုးပေါပေါ စိတ်ထားကောင်းသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ မာတင် ရဲ့ ချစ်သူ ဂျင်းနီ ဟာ သူမ အဖေ ဖြစ်သူ မစ္စတာဂယ်လို နှင့် မာတင် အား စားသောက်ဆိုင် တစ်ခုတွင် ဆုံတွေ့၍ မိတ်ဆက်ပေးခဲ့ပါတယ်... စီးပွားရေးသမား မစ္စတာဂယ်လို နှင့် မာတင် တို့ ဟာ ယောက္ခမ နှင့် သားမက် အချိုးပြေပြေ တွေ့ဆုံမှုမဖြစ်ခဲ့ကြပါဘူး အလွဲလွဲအချော်ချော် နှင့် ပွဲပျက်ခဲ့ပါတယ်... သို့ နှင့် ထိုတွေ့ဆုံပွဲ အပြီး ၆ လအကြာမှာ မာတင် နှင့် ဂျင်းနီ တို့ဟာ လမ်းခွဲခဲ့ကြတယ်... ဇတ်လမ်းက ဒီမှာတင် ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး တစ်ရက်မှာ မာတင် ရဲ့ အိမ်ရှေ့ကို မစ္စတာဂယ်လို ရောက်လာပြီး သူ့သမီး ဂျင်းနီ ပျောက်သွားလို့ ...
6.0
IMDB: 6.0/10 109 votes
movie

All Nighter (2017)

2017
The Accountant 2016 7.6
The Accountant 2016   Batman မင်းသား Ben Affleck ရဲ့ Action Thriller အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘ၀မှာ High Functioning Autism(ဥာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့ သချာင်္ဥာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခ၀ါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ်(ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File Size     ...
7.6
IMDB: 7.6/10 44,202 votes
movie

The Accountant 2016

2016

Genres