Channel Myanmar

Jack Rowan

Boys from County Hell (2020) 6.0
Boys from County Hell (2020) Boys from County Hell (2020)======================IMDb Rating - 6.0/10ဒီဇာတ်လမ်းလေးက Dracula ဆိုတဲ့ဇာတ်လမ်းရဲ့ မူလအစဖြစ်တည်ရာလို့ပြောရမလားဘဲ။ဇာတ်အိမ်တည်ထားတာကတော့ ခြောက်မိုင်ကုန်းလို့ ခေါ်တဲ့ အိုင်ယာလန်က နေရာလေးတစ်ခုဒေသခံတွေပြောကြတာကတော့ Dracula ကိုဖန်တီးခဲ့တဲ့စာရေးဆရာက ဒီခြောက်မိုင်ကုန်းဆိုတဲ့နေရာလေးက ဒေသခံပုံပြင်ကို ကြားပြီး ဖန်တီးခဲ့တာတဲ့ . မူလပုံပြင်ကိုတော့ သိတဲ့သူခပ်ရှားရှားပဲ၊သူတို့ရဲ့ ဒေသခံပုံပြင်ထဲမှာတော့ အက်ဘာတက်ခ် ဆိုတဲ့သူဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့မူလအစပထမပေါ့။ခြောက်မိုင်ကုန်းမှာ အက်ဘာတက်ခ်ကို မြေမြှုပ်ထားတယ်ဆိုတဲ့ အထိမ်းအမှတ်ကျောက်ပုံလေးတစ်ခုရှိတယ်။မြို့ငယ်လေးအတွက်တော့ အဲ့ဒါဟာ ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး သူတို့ကလည်း အဲ့လိုပဲယုံကြည်ထားတယ်။ ဒီလိုနဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယူဂျင်းနဲ့ သူ့ရဲ့အဖေဖြစ်သူတို့ဟာ လမ်းဖောက်ဖို့ပရောဂျက်အတွက်နဲ့ အက်ဘာတက်ခ်ရဲ့ကျောက်ပုံကို နေရာရွှေ့ဖို့ဖြစ်လာတဲ့နောက်ပိုင်း ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဆိုသလို ဖြစ်လာခဲ့တယ်။ ဒါတွေကို ယူဂျင်းက ဘယ်လိုဖြေရှင်းသွားရမလဲဆိုတာ Comedy/Horror ပုံစံလေးနဲ့အိုင်းရစ်ဖုတ်ကောင် ဇာတ်လမ်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Thiha ...
movie

Boys from County Hell (2020)

2020