Channel Myanmar

Jacob Tremblay

Orion and the Dark (2024) 6.7
Orion and the Dark (2024) Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie

Orion and the Dark (2024)

2024
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Good Boys (2019) 6.8
Good Boys (2019) ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Good Boys (2019)

2019
Room (2015) 8.2
Room (2015) Room (2015)==========#UnicodeRoom (2015) အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။ အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ ဂျွိုင်း က ကလေးကို ဒီအခန်းထဲက ...
movie

Room (2015)

2015
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017