Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jaineeraj Rajpurohit
8.1
OMG: Oh My God! (2012)
OMG (Oh My God) 2012==================(1080p BLURAY Update)ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့ OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာ ယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင် ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလား စသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ်ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့ အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကို ဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါတစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီး ကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ် ဘုရားကိုယ်စားလှယ်အနေနဲ့ ...
movie
OMG: Oh My God! (2012)
2012
1080p Untouched
7.3
Salaam Venky (2022)
Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB / 672MB Quality…1080p HD RIP ...
movie
Salaam Venky (2022)
2022