Channel Myanmar

James Burnett

The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013
Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015