Channel Myanmar

Jampa Tseten

Eye for an Eye 2 ( 2024 ) 6.1
Eye for an Eye 2 ( 2024 ) 2023 တုန်းက ထွက်ရှိထားတဲ့ Eye For An Eye ( 2023 ) – Channel Myanmar ရဲ့ အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာ ထောက်ကြည့်နိုင်ပါတယ်Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်က ဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။ သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထား ထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကို မျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေ ကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက် ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။ Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့ မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေအတွက် ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Eye for an Eye 2 ( 2024 )

Snake 4: The Lost World ( 2023 ) 5.7
Snake 4: The Lost World ( 2023 ) ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres :  Thriller , Fantasy , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Snake 4: The Lost World ( 2023 )