Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jason Clarke
6.3
Terminator Genisys (2015)
ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie
Terminator Genisys (2015)
2015
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
6.9
The Caine Mutiny Court-Martial (2023)
The Caine Mutiny Court-Martial (2023)~ IMDb - 6.9/10, Rotten Tomatoes - 94% ~ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။မဲရစ်ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 875MB Quality - 1080p, 720p IMDb Rating ...
movie
The Caine Mutiny Court-Martial (2023)
2023
5.7
Texas Killing Fields(2011)
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.69GB / 771MB Quality… Blu-Ray 1080p ...
movie
Texas Killing Fields(2011)
2011
7.2
The Great Gatsby (2013)
The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie
The Great Gatsby (2013)
2013
7.6
The Devil All the Time 2020
ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie
The Devil All the Time 2020
6.2
Pet Sematary (2019)
စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ...
movie
Pet Sematary (2019)
2019
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018
7.3
Lawless (2012)
Lawless (2012) IMDb - 7.3/10______Rotten - 67% Rotten Tomatoes... 67% ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။ဒီဇာတ်လမ်းဟာ... 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead ...
movie
Lawless (2012)
2012
6.8
Chappaquiddick (2017)
ဒီတစ်ခေါက်ကတော့ အမေရိကန်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ....Joe Kennedy ရဲ့ အသက်ရှင်ကျန်ခဲ့တဲ့တစ်ဦးတည်းသောသား အမတ် Ted Kennedy က Chappaquiddick ကျွန်းကို လှေပြိုင်ပွဲအတွက်သွားရင် "Boiler Room Girls" လို့ခေါ်တဲ့ စည်းရုံးမဲဆွယ်ရေးက အမျိုးသမီးတွေနဲ့ ၁၉၆၉ ဇူလိုင်လ၁၈ရက်မှာ ပြန်လည်တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်ပွဲပြီးတဲ့နောက်မှာ သူ့ရဲ့အစ်ကိုဖြစ်သူ Bobby လက်ထပ်တုန်းက အတူအလုပ်လုပ်ပေးခဲ့ဖူးတဲ့ Mary Jo နဲ့အတူ ပါတီကနေထွက်လာခဲ့တယ်လမ်းမှာပဲ မတော်တဆမှုဖြစ်ပြီး ကားကရေထဲထိုးကျသွားခဲ့ပြီး Mary Joလည်းသေသွားခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲမှာ အရွေးခံမယ့် လွှတ်တော်အမတ် Ted ဟာ Mary Jo သေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းရင်း ပြဿနာတွေ ရှုပ်ထွေးသွားခဲ့ပါတယ်အဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ?Ted က ပြစ်ဒဏ်တွေခံရဦးမှာလား?Ted ရဲ့သမ္မတလောင်းနေရာကရော ဘယ်လိုဖြစ်မလဲ ဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်ဒီဇာတ်လမ်းကို John Curranက ရိုက်ကူးထားပြီးတော့ John Clarke, Kate Mara, Ed ...
movie
Chappaquiddick (2017)
2017
7.4
Zero Dark Thirty (2012)
movie
Zero Dark Thirty (2012)
2012
5.4
Winchester (2018)
ဒီဇာတ်ကားဟာတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာပါတဲ့ Winchester မိသားစုဟာလည်းအမှန်တကယ်ရှိခဲ့ပြီး အဆိုပါ Mrs.Winchester ဟာလည်းအမှန်တကယ် သူ့ရဲ့မပြီးဆုံးနိုင်တဲ့အိမ်ကိုတည်ဆောက်ရင်း သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ယခုထက်ထိအဆိုပါ အိမ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ စိတ်ခြောက်ခြားဖွယ်အကောင်းဆုံးအိမ်ကြီးအဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ Dr.Prices ဟာသဘာဝလွန်ဖြစ်ရပ်တွေကိုမယုံကြည်သူဖြစ်ပြီး အားလုံးဟာလူ့စိတ်နဲ့စေခိုင်းရာအတိုင်း ကြိုးဆွဲရာကပြနေတာပဲဖြစ်တယ်လို့ ယုံကြည်ထားတဲ့စိတ်ရောဂါကုဆရာဝန်တစ်ဦးပဲဖြစ်ပါတယ်။Mrs.Winchester ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် သူ့ကိုဖိတ်ခေါ်ဆေးစစ်စေရမှာတော့ သူတစ်သက်လုံးယုံကြည် ကိုင်စွဲလာတဲ့ သဘောတရားတွေကို သံသယ၀င်လာစရာတွေဖြစ်လာတော့တာပါပဲ။Dr.Prices ကိုမှဘာကြောင့် ရွေးချယ်ရတာလဲ၊ ဒီအိမ်ကြီးကဘာတွေဆက်စပ်မှုရှိပြီး စိတ်ဝင်စားစရာတွေနဲ့ပြည့်နှယ့်နေရတာလဲ၊Mrs. Winchester ဟာဘာကြောင့် သူ့အိမ်ကိုမပြီးနိုင်မစီးနိုင်အောင်တည်ဆောက်နေရတာလဲ၊အိမ်ကြီးရဲ့လျို့ဝှက်ချက်ရောဘာလဲဆိုတာ စိတ်ဝင်စားစရာပါ။ပိုစိတ်ဝင်စားစရာက ဒီဖြစ်ရပ်ဟာအမှန်တကယ်ဖြစ်ခဲ့တာကြောင့်ပါပဲ။ဇာတ်ကားမထွက်ကတည်းက အာရုံစိုက်မှုတွေခံထားရတဲ့ ဇာတ်ကားလေးဖြစ်သလို Horror ကြိုက်တဲ့သူတွေအတွက်ရော စိတ်ဝင်စားစရာတွေကိုကြိုက်တဲ့သူတွေအတွက်ပါ ဒီဇာတ်ကားဟာ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်ရှုနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (800 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Fantasy, Horror Subtitle ...
movie
Winchester (2018)
2018
5.4
All I See Is You (2016)
All I See Is You (2016)_____IMDb - 5.4/10 ဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။ တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ…….. (ဘာသာပြန်သူကတော့ မေသူရလွင်ပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1h 49min Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source :LIMITED.720p.BluRay.x264-DRONES Translated by May Thura Lwin Encoded by Thanhtike Zaw
movie
All I See Is You (2016)
2016
7.1
Everest (2015)
ဒီကားကတော့ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ Everest (ဧဝရတ်တောင်) တက်တဲ့ အဖွဲ့နှစ်ဖွဲ့ Adventure Consultants and Mountain Madness အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ၁၉၉၆ Everest Disaster အကြောင်းကို အကြမ်းဖျင်း အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းမှာ Rob Hall (Jason Clarke) က လမ်းပြသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး Beck Weathers (Josh Brolin), Doug Hansen (John Hawkes), Yasuko Namba (Naoko Mori), Scott Fischer (Jake Gyllenhaal) တို့ ပါဝင်တဲ့ တောင်တက်အဖွဲ့နှစ်ဖွဲ့က တောင်ခြေမှာ ဆုံကြပြီး ကမ္ဘာအမြင့်ဆုံး တောင်ကို တက်ဖို့ပြင်ဆင်ကြပါတယ်။ Rob ရဲ့ မိန်းမက ဗိုက်ကြီးနေပြီး သမီးလေး ဖြစ်တယ်လို့ အကြောင်း ကြားလာသလို ...
movie
Everest (2015)
6.9
Trust (2010)
IMDb......6.9,,,,Rotten......78% ဒီတစ်ခေါက်ကတော့ Crime or Thriller ကားလေးပါ အဓိကကတော့ဆယ်ကျော်သက်တွေအတွက် ပညာပေးကားလေးပါ 2010ကထွက်ပေမယ့်လဲ အမြဲတမ်း update ဖြစ်နေစေမဲ့ဇာတ်ကြောင်းလေးပါသာယာချမ်းမြေ့နေတဲ့မိသားစုလေးတခုကိုဂြိုလ်ဆိုးဝင်တယ် ပြောရမလားပဲ ကလေးသုံးယောက်ရှိတဲ့ထဲက အလတ်မ Annie က ၁၄ / ၁၅အရွယ်ဆိုတော့ အတွေ့အကြုံကလဲမရှိ ဗိုင်းကောင်းကျောက်ဖိအေးဆေးနေတတ်တဲ့သူဆိုတော့ Social Media တစ်ခုဖြစ်တဲ့ Teen chat ကနေတစ်ဆင့် chat မိရာကနေ လူတစ်ယောက်ရဲ့ အပြောချိုချိုအောက်မှာ စိတ်ကစားမိလို့လှည့်စားခံရပြီးလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံလိုက်တဲ့ ၁၅ နှစ်အရွယ် Annie ရဲ့အကြောင်းလေးပါ ဒီကားလေးက ကျွန်တော်တို့နိုင်ငံရဲ့အချို့သောမိန်းကလေးတွေရဲ့လက်ရှိအဖြစ်အပျက်နဲ့ခပ်ဆင်ဆင်ပါပဲ....ရိုးအတဲ့မိန်းကလေးတွေဟာ တစ်ချို့သော စာရိတ္တပျက်ယောင်္ကျားတစ်ချို့ရဲ့သားကောင်ဖြစ်သွားတတ်ပါတယ် မိန်းကလေးတွေအတွက်ကြိုးကြောင်းဆင်ခြင်လို့ရအောင် ရိုက်ပြထားတဲ့ ပညာပေးကားလေးပါ 18+ scene တွေမပါဝင်တဲ့ အတွက် အားလုံးအတွက်သင့်လျော်ပါတယ်စကားလုံးကြမ်းတမ်းမှုအနည်းငယ်ကိုလဲ အယဉ်ကျေးဆုံးဖြစ်အောင်ပြန်ပေးထားပါတယ်Annie အဖြစ်တော့ Star မင်းသမီးချောလေး Liana Liberatoကအဓိကပါဝင်သရုပ်ဆောင်ထားတာပါ မိဘရဲ့ချစ်ခြင်းမေတ္တာတွေ သားသမီးအတွက်စိုးရိမ်သောကတွေနဲ့ရင်ဆိုင်ဖြေရှင်းကြရတဲ့ကားလေးပါ ဖခင်နေရာမှာလည်းမင်းသားကြီး Clive Owen သရုပ်ဆောင်ထား လေတော့ အထူးညွှန်းစရာမလိုတော့ပါဘူး ကိုင်းပရိတ်သတ်ကြီးရေ.....ခံစားကြည့်လိုက်ပါဦး ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ...... File ...
movie
Trust (2010)
2010