Channel Myanmar

Jason Isaacs

Hotel Mumbai (2019) 7.8
Hotel Mumbai (2019) Hotel Mumbai(2018) Drama/Thriller IMDb - 7.8/10 Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ... ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size ...
7.8
IMDB: 7.8/10 8,358 votes
movie

Hotel Mumbai (2019)

2018
WEB-DL 720p
Fury(2014) 7.6
Fury(2014) Fury(2014)Blu-Ray 1080p 5.1 CH, IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။  အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကို အကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး File Size : (2.7GB)၊(950MB)&(388MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
7.6
IMDB: 7.6/10 365,330 votes
movie

Fury(2014)

2014
Blu-Ray 1080p 5.1 CH
London Fields(2018) 4.5
London Fields(2018) London Fields(2018) IMDb 4.5 IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်. ..မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူး ပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ.... အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ... ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်...... ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Johnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်… ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြား လန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်… တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်… အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာ အနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
4.5
IMDB: 4.5/10 820 votes
movie

London Fields(2018)

2018
720p WEBRip
The Death of Stalin(2017) 7.2
The Death of Stalin(2017) The Death of Stalin(2017) IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံ၇သလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့....   File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
7.2
IMDB: 7.2/10 53,253 votes
movie

The Death of Stalin(2017)

2017
Look Away N/A
Look Away မာရီယာ လေးဟာ အသက်လဲ ၁၈ နှစ်ပြည့်ခဲ့ပါပြီ ဒါပေမဲ့ သူ့မှာ ကျောင်းတက်ဖော် သူငယ်ချင်းဆိုလို့ အကျင့်ခပ်ဆိုးဆိုး နဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတယ် အဲ့ဒီကောင်မလေးတောင် ငယ်ပေါင်းမို့လို့ သူ့အနား ကပ်နေတာ မာရီယာ က လူတောမတိုးတက်ဘူး အပေါင်းအသင်းဝင်မဆန့်ဘူး သူမ ရဲ့ ရေခဲရိုက်ထားသလို မျက်နှာပေး နဲ့ အေးတိအေးစက်ကြောင့် နှာဘူးထ တဲ့ကောင်လေးတွေက အနိုင်ကျင့်ပြီး စတာကလွဲလို့ ရင်ဖွင့်စရာအပေါင်းအသင်းတွေ မရှိခဲ့ဘူး... မာရီယာ မှာ အဖေ နဲ့ အမေ ရှိပေမဲ့ အဖေဖြစ်သူကို အမေက ကြောက်ရပြီး မာရီယာ အပေါ်မှာလဲ တစ်ချက်လွှတ် အမိန့်တွေ အမြဲထုတ်ပြီး အဲ့ဒီအတိုင်း လုပ်မှ သဘောကျတာပါ... ဘာ အခက်အခဲပဲ ရှိရှိ သူမ အဖေကတော့ အချိန်ပေးပြီး နားထောင်လေ့ မရှိပါဘူး ဒါကြောင့် ဖြစ်လာသမျှ ပြသနာ အားလုံး သူမ စိတ်ထဲမှာပဲ ထားခဲ့တာ ကြာပါပြီ.... ဒီလိုနဲ့ နေလာရင်း တစ်ရက်မှာတော့ မာရီယာ ဘယ်သွားသွား တစ်ခုခုက လိုက်စောင့်ကြည့်သလို ခံနေရပါတယ် ဘယ်သူလဲ ဘာအတွက်လဲ ဆိုတာတော့ မသိပေမဲ့ ညဘက်တွေလဲ ကောင်းကောင်း အိပ်မပျော်ပါဘူး.... တစ်ရက်တော့ အဲ့ဒီအရာက သူမ ကို တည့်တည့်ကြီး ၀င်တိုးခဲ့ပါတော့တယ်.... ဒီရုပ်ရှင်ကားဟာ မိဘ နဲ့ သားသမီးကြားက အဟန့်အတားတွေကို မီးမောင်းထိုးပြထားသလို သားသမီးတွေကို အမြဲလိုလို စောင့်ကြည့်လေ့လာသင့်ကြောင်း ပြသထားပါတယ်.... 18+ ...
N/A
IMDB: N/A/10 N/A votes
movie

Look Away

2017
Monster Family (2017) 4.6
Monster Family (2017) မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ် မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား? ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း... အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊ အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊ သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့... မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။ အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ "အေးအတူပူအမျှ" လိုပဲဖြစ်မလား.. ဒါမှမဟုတ် ဘစိုင်းရဲ့ "ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး" လိုပဲ ဖြစ်သွားမလားဆိုတာကတော့..... စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော...   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)   File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar ...
4.6
IMDB: 4.6/10 1,463 votes
movie

Monster Family (2017)

2017
Blu-Ray 720p
Black Hawk Down (2001) 7.7
Black Hawk Down (2001) ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ...
7.7
IMDB: 7.7/10 323,512 votes
movie

Black Hawk Down (2001)

2001
Blu-Ray 1080p
The Tuxedo (2002)
The Tuxedo (2002) ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီ သမားတစ်ယောက်ပါ။ သူက ကားကို မြန်နှုန်းပိုမောင်းတာ တွေကြောင့် မကြာခဏ လိုင်စင် အသိမ်းခံရသူပါ။ တစ်ရက်မှတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘ၀တစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တစ်ရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ၀င်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ...
IMDB: /10 votes
movie

The Tuxedo (2002)

Batman: Under the Red Hood (2010) 8.1
Batman: Under the Red Hood (2010) ဒီကားလေးကတော့ DC ရဲ့ နာမည် ကျော် Animation တွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Batman ရဲ့ နာမည်ကျော် ဗီလိန်တွေဖြစ်တဲ့ ဂျိုကာ ရာအယ်ဂူး Red Hood အစရှိတဲ့ သူတွေပါဝင်တဲ့ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကို ပြောရရင်တော့ ဂျိုကာ ရဲ့ လက်ချက်နဲ့ Second Robin ဖြစ်တဲ့ Jason Todd သေဆုံးသွားပြီးနဲ့နောက်မှာ Batman ဟာ ဆိုရင် ဘယ်သူ့ အကူအညီမှ မယူပဲတစ်ယောက်ထဲ လှုပ်ရှား နေပါတော့တယ်။အဲ့အချိန်မှာပဲ Gotham မှာ Joker က Arkham Asylum ထဲမှာ အဖမ်းခံနေရပြီး ရာဇ၀တ်လုပ်ငန်းတွေကို Black Mask က ချုပ်ကိုင် နေတဲ့ အချိန်ပေါ့။ အဲ့အချိန်မှာပဲ Red Hood လို့အမည်ရတဲ့ အနီရောင် မျက်နှာဖုံးစွပ် ဗီလိန်တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။သူကတော့ Black Mask တို့လို မူးယစ်ဆေး အရောင်း အ၀ယ်လုပ်ဖို့ ဆိုးသွမ်း ...
8.1
IMDB: 8.1/10 43,702 votes
movie

Batman: Under the Red Hood (2010)

2010
The Patriot (2000) 7.1
The Patriot (2000) ၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာ သူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီး မိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။ သို့သော်က မပါတ်သတ်လိုပေမယ့် ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့ တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့ သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။ တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကို စောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ သားဖြစ်သူက ဒဏ်ရာရလာခဲ့ပါတယ်။ သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီး နှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန် ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကို ဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက် တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့ တပိုင်းတစကူညီရပါတော့တယ်။ Mel Gibsonရဲ့ Brave Heart ...
7.1
IMDB: 7.1/10 211,652 votes
movie

The Patriot (2000)

2000