Channel Myanmar

Jason Statham

Spy (2015) 7.0
Spy (2015) Spy(2015)IMDb Rating (7/10) / Rotten Tomatoes (95%)ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ "ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ" လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။တစ်နေ့တော့ ...
movie

Spy (2015)

2015
4K HEVC
The Meg (2018) 6.1
The Meg (2018) The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie

The Meg (2018)

2018
4K HEVC
Ghosts of Mars (2001)
Ghosts of Mars (2001) Ghosts of Mars (2001)မားစ်ဂြိုဟ်ပေါ်မှာ လူ ၆၄၀၀၀၀ နီးပါးလောက် အခြေကျနေထိုင်လျက်ရှိချိန်ပေါ့...ရဲတပ်ဖွဲ့တစ်စုဟာ မိုင်းတွင်း တစ်ခုရဲ့ အကျဉ်းထောင်မှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ဝီလီယမ်ကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ရာ ခရိုင်စီဆိုတဲ့နေရာကို ပြန်ခေါ်လာပေးရမယ့် မစ်ရှင်လုပ်ဖို့ကြုံလာတယ်။ ရှိုင်းနင်းတောင်ကြား မိုင်းတွင်းကို သူတို့အဖွဲ့ ရောက်ရှိသွားချိန် အရင်လို လူစည်ကားမနေဘဲ ခြောက်ကပ်နေတာကို တွေ့လိုက်ရတယ်။ အဆောက်အအုံတွေထဲ ဝင်စစ်ဆေးလိုက်ချိန်မှာ လူတွေအားလုံးနီးပါး ရက်ရက်စက်စက် အသတ်ခံထားကြရတာကို မြင်လိုက်ရတယ်။အကြောင်းရင်းကို စုံစမ်းရင်း မားစ်ဂြိုဟ်ပေါ်က သယံဇာတတွေကို တူးဖော်ရင်း မလှုပ်နိုးအပ်သင့်တဲ့ အရာတွေကို လှုပ်နှိုးမိတဲ့အခါ...မယ်လနီနဲ့ သူ့ရဲ့တပ်ဖွဲ့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး Ice Cube နဲ့ Jason Statham တို့လို နာမည်ကြီး ဘီးကြဲတွေ ကြမ်းပြထားတာမို့ ကြည့်ရတန်မယ့် ကားလည်း ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie

Ghosts of Mars (2001)

2001
Killer Elite(2011) 6.4
Killer Elite(2011) Killer Elite (2011) ==============ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောကကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကိုဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာသိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကိုအင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စားချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီးဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့်ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကိုသတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့်ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Fast and Furious ...
movie

Killer Elite(2011)

Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012
Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC
The Mechanic (2011) 6.6
The Mechanic (2011) The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Mechanic (2011)

2011
1080p HEVC
Redemption (Hummingbird) (2013) 6.2
Redemption (Hummingbird) (2013) Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ‌ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်း‌ပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Redemption (Hummingbird) (2013)

2013
Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie

The Fate of the Furious (2017) Fast and Furious 8

2017
The Italian Job (2003) 7.0
The Italian Job (2003) IMDb Rating (7) / Rotten Tomatoes (73%)Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ...လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး...။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်....။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။  File size…(2.2 GB) / (1.4 GB) / (600 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Italian Job (2003)

Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie

Wrath of Man (2021)

2021
Snatch(2000) 8.3
Snatch(2000) Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre :  Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Snatch(2000)

2000
Gnomeo & Juliet (2011) 5.9
Gnomeo & Juliet (2011) Gnomeo & Juliet (2011) IMDb - 5.9/10_____Rotten - 56%  Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (752 MB) Quality : Blu-Ray 720p Format…mp4 Duration…01:24:00 Genre : ,  Adventure, Animation, Comedy Subtitle ...
movie

Gnomeo & Juliet (2011)

2011
The Pink Panther (2006) 5.6
The Pink Panther (2006) The Pink Panther . . . ဒီကားလေးဟာ နာမည်ကြားလိုက်တာနဲ့လူတော်တော်များကတော့ ကြည့်ဖူးသိဖူးကြမယ်ထင်ပါရဲ့။မကြည့်ဖူးတဲ့ သူများလည်း ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။စုံထောက်ကြီး ကလူးဆိုး . သူဟာ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်ပြီးအလွဲလွဲအချော်ချော်တွေနဲ့ အမြဲတမ်းကြုံတွေ့နေရသူဖြစ်ပါတယ်။အဲ့လိုပဲ သူ့ကို ချောက်တွန်းချင်တဲ့ စုံထောက်ချုပ်က လူသတ်မှုတစ်ခုကိုလိုက်ခိုင်းပြီး အမှားတွေပဲဖြစ်အောင်လို့ ချောက်တွန်းပို့ပေးလိုက်ရာကနေစုံထောက်ကြီး ကလူးဆိုးရဲ့ ဗလူးဗလဲရယ်စရာတွေစတင်လာပါတော့တယ်။(ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးသူကတော့ Ma Myat Noe Wutt Yi ဖြစ်ပါတယ်။)@sanwinmaung File Size >>>  (850 MB) Quality >>>  Blu-Ray 720p Running Time >>> 1hr 33min Genre >>> Adventure, Comedy, Crime  Subtitle >>> Myanmar Subtitle (Hard Sub) Translator >>> Myat Noe Wutt Yi Encoder >>> San Win Maung
movie

The Pink Panther (2006)

2006
War (2007) 6.3
War (2007) Unicode ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့ အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ  ကြေးစားလူသတ်သမား ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့ သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့် ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့် ဇာတ်ကားကောင်းတစ်ကား လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ :D Zawgyi ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့ အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ  ကြေးစားလူသတ်သမား ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့ သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့် ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့် ဇာတ်ကားကောင်းတစ်ကား လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ :D
movie

War (2007)

2007
Blitz ( 2011 )-မြန်မာစာတန်းထိုး 6.2
Blitz ( 2011 )-မြန်မာစာတန်းထိုး မင်းသားကြီး  Jason Statham  နဲ့ မင်းသား Paddy Considine တို့တွဲဖက်ပါဝင်ရိုက်ကူးထားပြီး action ဇာတ်ကားကောင်းများနှစ်သက်သူများအတွက်အထူးကောင်းမွန်ပြီး IMDb Rating 6.2 ရရှိထားတဲ့ဇာတ် ကားတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်ကားရဲ့ နာမည်ဟာ ရဲတွေကို အထူးပစ်မှတ်ထားပြီး လိုက်သတ်တဲ့ လူသတ်သမားရဲ့ နာမည်ဖြစ်ပါတယ်။ ဘရန့် ( jason statham ) ဟာ သူ့ကိုလိုက်လံဖမ်းဆီးခဲ့ပြီး သူ့ကိုဖမ်းမိတဲ့ အချိန်မှာတောင် ခိုင်လုံတဲ့သက်သေအထောက်အထားမပြနိုင်လို့ ပြန်လွတ်ခဲ့ရတဲ့ ဘယ်ရီ ( ဘလစ် ) ကို . ဘရန့် ( jason statham ) က လှလှပပ ဇာတ်သိမ်းပြခဲ့ပုံများ . အထူးသဖြင့် ဘလစ်ဟာ သူ့ကိုဖမ်းဆီးဖူးခဲ့တဲ့ ရဲတွေကိုတစ်ယောက်ချင်းစီ ကလဲ့စားချေလိုက်လံသတ်ဖြတ်မှုတွေဟာ ဒီဇာတ်လမ်းရဲ့ အဓိက ကျောရိုးလည်းဖြစ်လို့နေပါတယ်။ 2011က ထွက်ရှိခဲ့ပြီး Transporter မင်းသားကြီး Jason Statham ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ အထူးတလည်ညွှန်းမနေတော့ပါဘူး Movie သာကြည့်ရှုဖို့ ပြောပါရစေ။UNICODEမင်းသားကြီး  Jason Statham  နဲ့ မင်းသား ...
movie

Blitz ( 2011 )-ျမန္မာစာတန္းထိုး

2011
Parker (2013) 6.2
Parker (2013) Parker (2013) IMDb - 6.2/10_____Rotten - 41%   Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်...... အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်.... ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်.... လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်..... ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ...
movie

Parker (2013)

2013