Channel Myanmar

Jeon Yeo-been

Secret Zoo(2020) 6.3
Secret Zoo(2020) Secret Zoo(2019)(unicode)ဒီဇာတ်ကားလေးက 2020 ဇန်နဝါရီလကပဲ ရိုက်ကူးပြီးစီးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDB ကတော့ 10 out of 6.3 ရထားပါတယ်။ Runningman ကြည့်တဲ့သူတွေဆို လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က ဇာတ်ကား promotion အတွက်ဒီဇာတ်ကောင်တွေ လာသွားတာကိုမှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကြောင်းအရာလေးကတော့ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူက ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာတရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။တစ်နေ့တော့သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။အဲ့ဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့် တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ။အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ပိတ်ရက်မှာဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Secret Zoo(2020)