Channel Myanmar

Jeong Ho-bin

Toxic (a.k.a) Air Murder (2022) 6.6
Toxic (a.k.a) Air Murder (2022) Toxic (2022) လောကကြီးမှာ ကိုယ်ငွေရဖို့ တစ်ခုအတွက်နဲ့ သူများတကာတွေရဲ့ အသက်ကို ကစားစရာလို သဘောထားကြတဲ့ လူ့ဘီလူးတွေ ပေါများလှပါတယ်။ဒီကားလေးကလည်း ​အဲသဘောအတိုင်းပါပဲ။ O2 လို့ခေါ်တဲ့ ကုမ္ပဏီကြီးတစ်ခုကနေ ထုတ်လုပ်လိုက်တဲ့ humidifier disinfectant ကနေ လူပေါင်းများစွာ သေကြေပြီး ရောဂါတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေသေသေ ငါမသေဖို့အရေးကြီးတယ် ဆိုသလို O2 ကုမ္ပဏီဘက်ကနေ ကိုယ့်အပြစ်အတွက် ဝန်ခံခြင်းလည်းမရှိသလို ​ဆက်ပြီးလည်း ရောင်းချနေခဲ့ပါတယ်။ နစ်နာသူတွေ အားလုံးစုပြီး O2 ကို တရားစွဲဆိုမှု လုပ်ခဲ့ပေမဲ့ ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ အတိုင်း နိုင်ဖို့အလားအလာ အင်မတန် နည်းပါးခဲ့တာပေါ့။ ဒါပေမဲ့ လုံးဝအရှုံးမပေးတဲ့ ရှေ့နေမလေး ဟန်ယောင်းဂျူကတော့ ရှေ့ဆက်တိုးရင်း တခြားဘယ်လို လှည့်ကွက်တွေနဲ့ အပြစ်ပေးသွားမလဲ?ဒီလိုပြဿနာမျိုးတွေက အပြင်မှာလည်း တကယ်ရှိတဲ့ အရာလေးတွေဖြစ်ပြီး ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းကို ဘဝင်ကျစေမှာပါ။ ...
movie

Toxic (a.k.a) Air Murder (2022)

2022
Hot Blooded (2022) 6.9
Hot Blooded (2022) Hot Blooded (2022) လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ...ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 2.1GB, 731MB & ...
movie

Hot Blooded (2022)