Channel Myanmar

Jeong Hyeong-gi

[18+] Love Her (2001) 5.2
[18+] Love Her (2001) Love Her (2001)(ကိုရီးယား Adult ကားတွေထုံးစံအတိုင်း 1080p ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်လို့‌ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်ခင်ဗျာ)ညနေရီ ပန်းခင်းထဲက လွင့်သွားတဲ့ လေပြေမှာ သူမရဲ့ ဝတ်ရုံအနီဟာ လွင့်ဝဲနေတယ်။ ကျွန်တော်ကလည်း သက်ငြိမ်ငေးမောလို့။ ဟိုးအဝေးဆီမှာ လှေကလေးတစ်စင်း နေဝင်ရီကောင်းကင်အောက် မျောပါနေတာကိုလည်း ကျွန်တော်မြင်ရတယ်။ လှေငယ်လေး ပျောက်ကွယ်သွားတဲ့အချိန် သူမရဲ့ လေနှင်ရာမျောလွင့်နေတဲ့ ဝတ်ရုံအနီလေးကို ကျွန်တော်လည်ပြန်ကြည့်မိပေမဲ့ ဝတ်ရုံအနီလေးမရှိတော့ဘူး။ သူမလည်း မရှိတော့။ တကယ်ဆို သူမရှိတော့တာ ကြာခဲ့ပြီ။ ဒါတွေဟာ ကျွန်တော့်ရဲ့ထင်ယောင်ထင်မှားတွေလို့ တွေးမိချိန်မှာ မျက်ရည်ဟာ တဖြိုင်ဖြိုင်ကျတော့တာပါပဲ။သူမဟာ တေးရေးဆရာဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ မအောင်မြင်ခဲ့တဲ့ အတိတ်တွေမှာ အိပ်မက်တွေလဲပြိုမသွားအောင် ခိုင်မာပေးခဲ့တဲ့ ကျောက်ဆောင်တစ်ခုလိုပေါ့။ ကျွန်တော်ကတော့ သူမရဲ့ အိပ်မက်တွေကို တတိတိတိုက်စားခဲ့တဲ့ ဒီလှိုင်းတစ်ခုပေါ့။ ဝေသာလီဗျိုင်းမျိုးနဲ့ ယမုံနာရွှေငါးလေးဘဝကွာမည်ဆိုလည်း တစ်ကမ္ဘာကွာဝေးရော။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ မအောင်မြင်ခြင်းတွေ သူမကို ...
movie

[18+] Love Her (2001)

2001
Birdcage Inn (1998) 7
Birdcage Inn (1998) Birdcage Inn (1998)~ IMDb rating - 7/10 ~(ကင်ကီဒွပ်ရဲ့ အစောပိုင်းကားတွေထဲက တစ်ကားဖြစ်တဲ့အတွက် အကြည်ရဖို့မလွယ်လို့ ရှိတဲ့ ကွာလတီနဲ့ပဲ ကြည်အောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ)Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad ...
movie

Birdcage Inn (1998)

1998