Channel Myanmar

Jiang Luxia

The Wild Blade of Strangers ( 2024 ) 6.1
The Wild Blade of Strangers ( 2024 ) ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ ‌သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်‌သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie

The Wild Blade of Strangers ( 2024 )

Once Upon a Time in Shanghai (2014) 6.7
Once Upon a Time in Shanghai (2014)  ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကား​ဟောင်း ကား​ကောင်းတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ ဂျပန်​ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို​ ​နောက်ခံထားပြီး ဂိုဏ်း​တွေ ဂိုဏ်း​ခေါင်း​ဆောင်​တွေရဲ့ ပိုင်နက်အရှုပ်​တော်ပုံ​တွေကြားက ကွန်ဖူးပညာပြခန်း​တွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်​တော်တို့​ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbက​တော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူ​တွေ လာကြတဲ့မြို့ကြီးပါ။ ဒါ​ပေမဲ့ အလွှာ​ပေါင်းစုံ၊ လူ​ပေါင်းစုံရှိ​နေတဲ့ မြို့ကြီး ဖြစ်​နေတာ​ရယ် ​​ခေတ်မီတိုးတက်သ​လောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှု​​တွေ အ​​တော် များတာရယ်​ကြောင့် ​ကောင်းစားသွားသူထက် လက်​လျော့သွားသူ၊ အသက်​ပေးလိုက်ရသူ​တွေက ပိုများ​နေတာပါ။မာ​ဝေကျင်းဆိုတဲ့ ​ကောင်​လေးတစ်​ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ​ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်​​တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်း​ခေါင်း​​ဆောင် ​လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ​ ဂိုဏ်း​ပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်​နေတဲ့ ​လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာ​ဝေကျင်းကို တပည့်အဖြစ် ​မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ​မာ​ဝေကျင်းနဲ့ ...
movie

Once Upon a Time in Shanghai (2014)