Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jin QiaoQiao
5.7
Doomsday Warrior ( 2024 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေကရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie
Doomsday Warrior ( 2024 )