Channel Myanmar

Jiwu Zhesha

The Warrior From Sky ( 2021 ) 6.1
The Warrior From Sky ( 2021 ) CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့ The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်...... ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်း အိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်က သင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။ နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့ နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲ မျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။ Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်း သူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင် နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေ သရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Warrior From Sky ( 2021 )