Channel Myanmar

Jo Sang-geon

Sword in the Moon (2003) 5.9
Sword in the Moon (2003) [Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie

Sword in the Moon (2003)

The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie

The President’s Last Bang (2005)

2005