Channel Myanmar

Joan Chen

Under the Light ( 2023 ) 6
Under the Light ( 2023 ) ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Under the Light ( 2023 )

Tigertail (2020) 6.6
Tigertail (2020) Tigertail (2020)~ IMDb - 6.6/10, Rotten Tomatoes - 82% ~၁၉၇၀ ဝန်းကျင်နှစ်တွေတုန်းကပေါ့…အကကောင်းတဲ့ ရုပ်ဖြောင့်ဖြောင့် စက်ရုံလုပ်သားလေးတစ်ယောက်ဟာ သူ့ရဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဝရဲ့ ငယ်ချစ်ကို စွန့်လွှတ်၊ အမေတစ်ခု သားတစ်ခုဘဝရဲ့ အမေ့ကို ထားခဲ့ရစ်ပြီး အမေရိကကို ရောက်ခဲ့တယ်။ တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ စိတ်ကူးထဲက အမေရိကဟာ နဖူးတွေ့ဒူးတွေ့ နိစ္စဓူဝရင်ဆိုင်ရမယ့် အမေရိကနဲ့ လုံးလုံးမျှ မတူကြောင်း ရင်နာနာနဲ့ သိလိုက်ရပါတယ်။အချစ်ထက် ဘဝကို ဦးစားပေးခဲ့တဲ့သူ့အနေနဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ချိန်ညှိဖို့ ကြိုးစားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ရှာပြန်တယ်။ဒီရုပ်ရှင်ဟာ အရွယ်ရောက်ပြီးသားသမီးဖြစ်သူနဲ့ ဇာတ်လိုက်ရဲ့ကြားက ဆက်ဆံရေးကနေမှ အတိတ်နဲ့ ပစ္စုပ္ပန်ကြား လူးလာကူးခတ်နေတဲ့ မှတ်ဉာဏ်တွေပါ။ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ နေ့စဉ်ဘဝမှာ လူသားတွေ ကြုံတွေ့ဖြတ်သန်းနေရတာတွေပါ၊ ဒီကားထဲက ဇာတ်လိုက်ဟာဆိုရင်လည်း သူ့ကာရိုက်တာအရဆို ကိုယ်မကြိုက်ချင်လှပေမယ့် နောင်တတွေကို သူနဲ့ထပ်တူ ...
movie

Tigertail (2020)

2020
Hachiko ( 2023 ) 6.3
Hachiko ( 2023 ) ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာ ခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။ အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာ သုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင် သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုး ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်း မာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာ သွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုက ပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့ ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။ တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့ သေခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။ကျန်ရစ်ခဲ့တဲ့ မိသားစုကလည်း ဘဝပေးအခြေအနေတွေကြောင့် တစ်ယောက်တစ်နေရာစီ ...
movie

Hachiko ( 2023 )

Heaven and Earth (1993) 6.8
Heaven and Earth (1993) Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie

Heaven and Earth (1993)

1993
1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011
The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie

The Last Emperor (1987)

1987
The One (2017) 5.3
The One (2017) [Unicode]The one (2017) ဇာတ်ကားကတော့ Director :Zhengyu Lu ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ တစ်ချိန်ကအလွန်ရှားပါးတဲ့ ဒဏ္ဍာရီထဲက ဟင်းချက်နည်းစာအုပ်ကို လိုက်လံရှာဖွေရာမှ စားဖိုမှုးကောင်းတွေနဲ့ အစားအသောက် ယှဉ်ပြိုင်ကြပုံတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ဒီဇာတ်ထဲမှာတော့ မင်းသား Zhengyu luက သူ့ဆရာအတွက် ဒဏ္ဍာရီထဲက ဟင်းချက်နည်းစာအုပ်ကို ရှာဖွေပေးရာမှာ ယောကျာ်းဆန်တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ.... ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားပေးကြပါ...ဒီဇာတ်ကားလေးကတော့ အစားအသောက်နှစ်သက်သောသူတွေအတွက် သရေတများများကျပြီး ရှု့ရမယ့် Comedy ဟာသ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:55:55 Subtitle….Myanmar Subtitle (Hardsub) Translated by July Encoded by Naing Aung Latt
movie

The One (2017)

2017
[18+] Lust, Caution (2007) 7.6
[18+] Lust, Caution (2007) IMDb Rating (7.6)Rotten Tomatoes (73%)----------------------------Lust Caution (2007)အဝေးက လရိပ်မျှင်မျှင် လေးသည် မှန်ပြတင်းကိုဖြတ်လျက် အခန်းထဲကို တိုးဝင်နေသည်။ အခန်းထဲတွင် လရောင်လင်းရိပ်သာရှိပြီး အခန်းလေးသည် မှုန်ရီ ဝိုးဝါးနေ၏။မှန်ပြတင်းနားတွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်ပြီး အဝေးကိုငေးကြည့်နေသည်။သူမ၏မျက်ဝန်းကလေးများသည် သောက်ရှုးကြယ်များသဖွယ် အမှောင်ထဲမှာပင် လင်းလက်နေသည်။နှုတ်ခမ်းနှစ်မွှာသည် တုန်ရီလျက်ရှိနေလေသည်။ယောကျာ်းပျိုတစ်ဦး သူမအနားကို ရောက်လာပြီး ပုခုံးလေနှစ်ဘက်ကို ယုယစွာ ဆုပ်ကိုင်လိုက်၏။မိန်းကလေးသည် လည်ပြန် ငဲ့ကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများ နှုတ်ခမ်းများသည် ချစ်ဆိပ်ရည် တို့ဖြင့်ပြည့်ကျံနေကာ တုန်ရီလျက်ရှိနေကြသည်။လရိပ်သည် အရောင်ဖျော့စပြုလာပေပြီ။ သူတို့နှစ်ဦး၏ ရမ္မက်အဆိပ်ငွေ့များကမူ တစ်စထက်တစ်စအရောင်တောက်လာပြီ။1938ခုနှစ်။ Wong chia chi(Tang Wei)သည် ဟောင်ကောင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကား ဂျပန်တို့သည် အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါ သိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင် ဗြိတိသျှ အလိုတော်ရိများ ။အရေးမလှ၍ ဆုတ်ခွာရန်ပြင်နေသည့် ဗြိတိသျှ အရာရှိများ။ ဟောင်ကောင်ကိုသိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုး သုံးလျက်ရှိသည့် ဂျပန်စပိုင်များ အလိုတော်ရိများဖြင့် ...
movie

[18+] Lust, Caution (2007)

2007