Channel Myanmar

Joel Fry

Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
In the Earth (2021) 5.2
In the Earth (2021)  In The Earth (2021) ============== Rotten Tomatoes Ciritic Rating - 79%High Riseတို့ Free Fireတို့ Rebecca ( 2021)တို့ရဲ့ ဒါရိုက်တာ Ben Wheatleyကရိုက်ထားတဲ့ကား။ Rotten Ratingနဲ့ Metacritic Rating အရတော့ အလယ်အလတ်အဆင့်ကားလို့ဆိုလို့ရတယ်။ လန်ပျံနေအောင် ကောင်းမနေဘူး။ သို့ပေမဲ့ ကြည့်ပျော်တယ်။ပြဿနာက Genres, Horrorလို့အမည်ခံထားပေမဲ့ Thrillerအဆင့်လောက်ပဲရှိမယ်။ Mysteryဘက်လည်း တော်တော်သွားတယ်။ Horrorကားအလန်းတစ်ကားဖြစ်တော့မလိုနဲ့ အလယ်လောက်ပြုတ်ကျသွားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိကအားနည်းချက်ကတော့ လူနားမလည်အောင် အဆန်းကြီးဖြစ်အောင်လုပ်ချင်ဇောကြီးပြီး ဟိတ်ဟန်များသွားတာကြောင့်လို့ပဲ ယူဆလို့ရတယ်။ "Plot"ဇာတ်လမ်းအစအဆုံးကို သစ်တောတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သစ်တောထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုရှိနေတယ်။ အဲဒီဘာမှန်းမသိတဲ့အရာကြီးနဲ့ ဆက်သွယ်ဖို့ သိပ္ပံပညာရှင်တစ်ယောက်က ကြိုးစားခဲ့တယ်။ သိပ္ပံပညာလိုလို မှော်လိုလို ဟို‌လိုလိုဒီလိုလို နည်းတွေနဲ့ပေါ့ ။ သူ့နည်းတွေကို သူလည်း ဘာမှန်းတော့သေချာတော့သိပုံမရဘူး။ ဒီလိုနဲ့ သစ်တောကြီးက သူ့ကို ပြန်ထွက်လို့မရအောင် လုပ်ထားသလိုလို သူကပဲမထွက်ချင်သလိုလိုနဲ့ ဘာမှန်းမသိရဘဲ ပြင်ပကလူတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဘာမှန်းမသိပျောက်သွားတဲ့ သူ့ကိုရှာဖို့ ဘာမှန်းမသိဘဲရောက်လာတဲ့ လူတစ်ယောက်က ဘာမှန်းသေချာမသိဘဲပါလာတဲ့ တောထိန်းတစ်ယောက်နဲ့အတူ ...
movie

In the Earth (2021)

Yesterday (2019) 7.0
Yesterday (2019) (Unicode) Yesterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် ...
movie

Yesterday (2019)

2019