Channel Myanmar

John Bradley

Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022
Patient Zero (2018) N/A
Patient Zero (2018) ထိတ်လန့်ချောက်ခြား အသဲတယားယား ဖြစ်ချင်တဲ့သူတွေအတွက်Zombie တွေ လာပါပြီ ဒီတစ်ခါတော့ အရင်ပုံစံတွေ နဲ့ မတူတဲ့Zombie တွေ ကို မြင်ရပါမယ်....မြို့လေး တစ်ခုကနေ ကမ္ဘာကြီးထိ အစချီပြီးခွေးရူးပြန် ရောဂါ နဲ့ ပုံစံတူတဲ့ ရောဂါဆိုး တစ်ခုဖြစ်ပွားခဲ့ပြီးလူသားတွေ အားလုံး ကူးစက်ခါ မျိုးတုန်းလုနီးပါးဖြစ်ကုန်ပါတယ်Zombie တစ်ကောင်က ကိုက်ရင် ရောဂါ က ချက်ချင်းကူးစက်တက်ပါတယ်အဲ့ဒီလို ကူးစက်ခံရပြီးမှ ပြန်ကောင်းသွားတဲ့ သူ တစ်ဦးကတော့စစ်တပ် နဲ့ ဆေးအဖွဲ့အစည်းမှာ ရှိနေပြီး Zombie တွေ ကို ကုသနိုင်မယ့်ဆေးကို ဖော်ထုတ်ဖို့ ကြံစည်နေခဲ့ပါတော့တယ်....ပိုပြီး ထူးခြားတာကတော့ ဒီ Zombie တွေဟာလူအသိစိတ် ရှိနေပြီး အရိုင်းစိတ် ဝင်နေတဲ့ သတ္တဝါတွေဖြစ်နေတာပါပဲ ဒီတော့ ပိုကြမ်းသွားပါပြီ လူသားစိတ်နဲ့ Zombie တွေကိုဘယ်လို ကုသ နှိမ်နင်းနိုင်မလဲ ဆိုတာ ကြည့်ရှုလိုက်ကြပါစို့ဒီရုပ်ရှင်ကားမှာ GOT ဇတ်လမ်းတွဲထဲက ဇတ်ကောင်တစ်ချို့ပါတယ်နော်ဒီရုပ်ရှင်ကားကို May Thazin Soe မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

Patient Zero (2018)

2018
Traders (2015) 6.1
Traders (2015) လောကကြီးမှာ အရေးအကြီးဆုံးအရာတွေ အများကြီးရှိတယ် အဲ့ဒီအရေးအကြီးဆုံးအရာတွေထဲကမှ... ပထမဦးစားပေးလို့ လူတိုင်းလက်ခံထားတဲ့ ပိုက်ဆံ... အဲဒီပိုက်ဆံဆိုတဲ့ စာရွက်လေးတွေအတွက် လူလူချင်း သတ်ဖြတ်ရမှာ တန်ပါ့မလား... Rotten Tomatoes - 67% IMDB - 6.2 ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက် ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ် အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင် လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ် ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့ ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ် နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက ... ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ... ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ် ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ...... (ဇာတ်လမ်းအညွန်းကို ...
movie

Traders (2015)

2015