Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Musker
6.7
Pencils Vs Pixels (2023)
Pencils Vs Pixels (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခုခေတ် ကြည့်ရှုနေရတဲ့ ကာတွန်းကားတွေဖြစ်ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်းတွေရဲ့နောက်ကွယ်က လူတွေအကြောင်းကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။ဒီ Documentary လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်ပေါ်လာလဲကနေစပြီး ဒီဘက်ခေတ်ကာတွန်းတွေရဲ့ အရည်အသွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာတွေကို အလုံးစုံသိသွားစေရုံတင်မကဘဲ နည်းပညာတွေမတိုးတက်သေး ကာတွန်းကိုလက်နဲ့သာရေးပြီး ထုတ်လုပ်ရတဲ့ခေတ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ငယ်ငယ်ကခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီးတွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီနောက်ကွယ်ကလူတွေရဲ့ကြိုးစားမှုတွေကိုသိရှိရပါလိမ့်မယ်။အဲဒီလိုကနေ နောက်ပိုင်းခေတ် ကွန်ပြူတာဖန်တီးမှုတွေဝင်ရောက်လာတဲ့အခါ ကာတွန်းလောကကြီးပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်းတွေ ထွက်လာတော့ လက်ရေးနှစ်ဖက်မြင်(2D) ကာတွန်းလောကလူတွေ ဘယ်လောက်တောင်ရုန်းကန်ခဲ့ရလဲ... ခေတ်ကြီးကရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လိုပြန်ပြောင်းရွှေ့သွားလဲ... ဆိုတာတွေကို ကာတွန်းလောကရဲ့ အတောက်ပဆုံး အချိန်တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie
Pencils Vs Pixels (2023)
2023