Channel Myanmar

Jonathan Aris

Radioactive (2019) 7.3
Radioactive (2019) ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie

Radioactive (2019)

2019
Vivarium (2020) 6.1
Vivarium (2020) Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီးNow you see me တို့ Zombie Land တို့ထဲကမင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင်လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာအိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ်တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာအိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။အိမ်ရှာနေတာလည်း ကြာနေပြီမလား။အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။အိမ်တွေကတော့ ပုံစံတူတွေပဲ။အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် ...
movie

Vivarium (2020)

Black Mirror: Bandersnatch (2018) 7.2
Black Mirror: Bandersnatch (2018) Black Mirror: Bandersnatch (2018)_____IMDb - 7.2/10     ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ် တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်ဘာသာပြန်ပေးထားတာတော့ Aye Chansu ဖြစ်ပြီး   Encodeပေးတာကတော့ကျွန်တော် sithu ပဲဖြစ်ပါတယ်
movie

Black Mirror: Bandersnatch (2018)

2018
Race (2016) 7.1
Race (2016) Race (2016) IMDb - 7.1/10_____Rotten - 62%    ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။   (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)     File Size         : 952 MB Quality           : Blu ray 720P Running Time : 2hr 14 minute Format           : Mp4 Genre             : Biography,Drama,sport Encoder         : Joker.phs  
movie

Race (2016)

2016