Channel Myanmar

Josh Bowman

Escaping the Madhouse: The Nellie Bly Story (2019) 6.4
Escaping the Madhouse: The Nellie Bly Story (2019) 1887 ခုနှစ်မှာထွက်ရှိထားတဲ့ နာမည်ကြီးစာအုပ်Nelly Bly ရဲ့ 'Ten days in a Madhouse’ ကိုသိကြလားဗျကျွန်တော်ကတော့ အဲ့ဒီစာအုပ်ကို ခပ်ငယ်ငယ်အရွယ်က ဖတ်ခဲ့ဖူးတယ်တော်တော်လေးကိုလည်း သဘောကျခဲ့တယ်ဇာတ်လမ်းကတော့ စာအုပ်နာမည်အတိုင်းပဲNew York တစ်ဖက်ခြမ်း Blackwell ကျွန်းပေါ်ကအမျိုးသမီးစိတ္တဇဆေးရုံတစ်ခုကို ရောက်သွားတဲ့၁၀ ရက်တာအကြောင်းကို ရေးထားတာဒီစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်မယ်ဆိုတော့အားလုံး တစ်ထပ်တည်းကျပါ့မလားလို့လည်း စိတ်ပူခဲ့မိသေးတယ်ဖြစ်ရပ်မှန်ရုပ်ရှင်တွေကတော့ ထုံးစံအတိုင်းပေါ့ဗျာစာအုပ်ထဲကအတိုင်း တစ်ထပ်တည်းမဟုတ်ဘဲဖြည့်သင့်တာဖြည့် ဖြုတ်သင့်တာဖြုတ်ပြီး ရိုက်ထားတယ်ဒီလိုပြောလို့ ရုပ်ရှင်ကိုတော့အထင်မသေးစေချင်ပါ2019 ခုနှစ်မှာ Canadian Society of Cinematographers Award အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး2020 ခုနှစ်မှာ Women’s Image Network Award ကိုရခဲ့သေးတာ'ငါ့ရဲ့တစ်နေ့တာကို မင်းရဲ့ဆံပင်အရောင်ပေါ်မူတည်ပြီး ဆုံးဖြတ်တယ်မင်းဆံပင်လေး ပန်းရောင်သန်းနေရင် မနက်ခင်းအနီညိုရောင်ရင့်ရင့်ဆိုရင် နေ့လည်ခင်းပျားရည်ဆမ်းထားတဲ့ ပယင်းရောင်လေးဆိုရင် ညနေခင်း'တဲ့အမျိုးသမီးစိတ္တဇဆေးရုံမှာ ရှိနေတဲ့အမျိုးသမီးတွေရဲ့ဘဝတွေ​ဒီဆေးရုံရဲ့အကြီးအကဲ အမျိုးသမီးကြီးရဲ့ငယ်ရွယ်စဉ်မှာရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်ထိခိုက်ခံစားရတဲ့ ဘဝတွေ.....ပြီးတော့ ဒီလိုရူးသွပ်မှုတွေကြားကမှ​ပေါ်ပေါက်လာတဲ့ သံယောဇဉ်တွေ ချစ်ခြင်းတွေ......လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦး  Translated ...
movie

Escaping the Madhouse: The Nellie Bly Story (2019)

2019