Channel Myanmar

Julee Cerda

Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
Passengers (2016) 7.0
Passengers (2016) Passengers (2016)‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II ...
movie

Passengers (2016)

2016
4K HEVC
You’re Not Alone 2020 3.6
You’re Not Alone 2020 အန်မာ တစ်ယောက် ခင်ပွန်းဟောင်းသေဆုံးသွားပြီးတဲ့နောက်မှာ မွေးပြီးနောက်ပိုင်းတည်းက မြင်ခွင့်မရခဲ့တဲ့ သူ့ရဲ့သမီးဖြစ်သူကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် တစ်ကိုယ်တည်းမိခင်ဘဝနဲ့ အိုင်လာလေးကို စောင့်ရှောက်ရင်း မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံခဲ့ရပါတော့တယ် မမြင်ရတဲ့မကောင်းဆိုးဝါးတွေဟာ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက် လောလောလတ်လတ်ဆုံးရှုံးထားရတဲ့ သားအမိနှစ်ယောက်ကို နှိပ်စက်ပါတော့တယ် အန်မာတစ်ယောက် အရင်အိမ်ကိုပြောင်းပြီးတည်းက မမြင်ရတဲ့အမှောင်ပယောဂတွေနဲ့ရင်ဆိုင်ရင်း သူနဲ့သူ့သမီးလွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ် အန်မာတစ်ယောက် သူ့သမီးကိုကယ်တင်နိုင်ပါ့မလား ဘယ်အရာတွေက သူ့ကိုနှိပ်စက်နေတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦး    F ile Size : 600mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32min Genre ;Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie

You’re Not Alone 2020