Channel Myanmar

Justus von Dohnányi

Family Affairs (2022) 6.2
Family Affairs (2022) Family Affairs (2022)ဒီကားလေး‌ကတော့ ၂၀၁၈ မှာတုန်းက How About Adolf? ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြ‌ထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ‌ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 740MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - ...
movie

Family Affairs (2022)

2022
How About Adolf? (2018) 7
How About Adolf? (2018) How About Adolf? (2018)ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

How About Adolf? (2018)

2018
When Hitler Stole Pink Rabbit (2019) 7.8
When Hitler Stole Pink Rabbit (2019) ၁၉၃၂ခုနှစ်တုန်းက ဘာလင်မြို့မှာ အန်နာဆိုတဲ့ ၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိခဲ့တယ် သူမရဲ့ အဖေက နာမည်ကြီးဝေဖန်ရေးဆရာ အာသာကမ်ပါဖြစ်ပြီးတော့ အမေနာမည်က ဒေါ်ရသီယာပါတဲ့ သူမမှာ မက်စ်လို့ခေါ်တဲ့ ၁၂နှစ်အရွယ် အစ်ကိုတစ်ယောက်ရှိပြီး ဘာလင်မြို့မှာ မိသားစုအတူတကွပျော်ပျော်ရွှင်ရွှင်နေကြတယ် တစ်ရက်‌ ဟစ်တလာကရွေးကောက်ပွဲနိုင်လုဆဲဆဲအချိန်မှာ ဂျူးလူမျိုးဖြစ်ကြတဲ့ သူမတို့မိသားစုတတွေ နာဇီလက်ကလွတ်‌မြောက်ဖို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာလင်ကနေပြေးကြရတော့တယ် အန်နာတို့တတွေ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအပြောင်းအလဲတွေ ကြုံတွေ့ရမလဲ နေရာအသစ် ဘဝအသစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်    File Size -  1.3 gb Quality - bluray 1080p 5.1 Subtitle -  burmese Translator - Shin Mon Lat Encoder - Thit San Khant
movie

When Hitler Stole Pink Rabbit (2019)

2019