Channel Myanmar

Jyothi Venkatesh

The Gift (2015) 7
The Gift (2015) The Gift (2015) ~ IMDb - 7/10, Rotten Tomatoes - 91% ~ဇာတ်ကားနာမည်က "လက်ဆောင်" တဲ့။ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ... ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် ...
movie

The Gift (2015)

2015