Channel Myanmar

Kang Han-saem

Dogs in the House (2020) 8.5
Dogs in the House (2020) (Unicode)ဒီတစ်ခါ CM ပရိသတ်ကြီးကို 2018 ကစတင် ရိုက်ကူးခဲ့ပြီး 2020 ဇန်နဝါရီလဆန်းပိုင်းလောက်က ထွက်ရှိခဲ့တဲ့ Dogs in the House ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးအစားကတော့ Crime/Drama ဆိုပေမယ့် ဟာသလေးလည်းနည်းနည်းနှောထားပါတယ်။ဒီဇာတ်ကားရဲ့ နာမည်က အနည်းငယ်တော့ထူးဆန်းတယ်လို့ပြောလို့ရတယ်။Dogs in the House ဆိုတော့ ခွေးပါတဲ့ ဇာတ်လမ်းလေးလားပေါ့။တကယ်က အဲ့လိုမဟုတ်ပါဖူး။အဲ့ထဲက ဇာတ်ကောင်ဖြစ်သူ ဘတ်ဆူရိုဆိုတဲ့သူက သူ့တစ်ဘဝလုံး အကြွေးရှင်ဆီမှာ ခွေးလိုနွားလိုအခိုင်းစားခံရပြီးနောက်ရုန်းထွက်မရတဲ့ ထောင်ချောက်တွေထဲ တိုးဝင်သွားမိပုံလေးကိုတင်စားပြချင်တာပါ။ဇာတ်လမ်းလေးကတော့ အခပေးရေချိုးခန်းပိုင်ရှင်ဖြစ်သူဘတ်ဆူရိုဟာ လူမိုက်တစ်ယောက်ဖြစ်ပြီး အနည်းငယ်ထုံထိုင်းပေမယ့် နဂိုစိတ်ရင်းလေးတော့ကောင်းသူပါ။သူ့မှာ ဝူရှစ်နဲ့ ပိန်သေးဆိုတဲ့ငယ်နိုင် တပည့်နှစ်ယောက်လည်းရှိတယ်။တစ်ရက်မှာတော့ သူရဲ့အခပေးရေချိုးခန်းဆောက်ခဲ့စဉ်က ငွေချေးပေးခဲ့သူ ဂူသူဠေးဆိုသူက အကြွေးနဲ့သူရဲ့ အခပေးရေချိုးခန်းကိုလည်းသိမ်း သူပိုင်ဆိုင်မှုတွေလည်းသိမ်းပြီး သူကိုပါ ထောင်ထဲ ထည့်လိုက်ပါတယ်။ထောင်ကထွက်လာပြီးနောက်ပိုင်း ဘတ်ဆူရိုလည်းဂူသူဠေးကို သူတပည့်နှစ်ယောက်နဲ့အတူ သွားရှာပါတော့တယ်။အဲ့နောက်တော့ဘယ်လိုတွေ ဆက်ဖြစ်မယ်။ဇာတ်လမ်းအလှည့်အပြောင်းဘယ်လိုလာမယ်ဆိုတာကိုယ်တိုင်ပဲ ခံစားကြည့်စေချင်ပါတယ်။ဒီဇာတ်ကားထဲမှာ ...
movie

Dogs in the House (2020)

2020