Channel Myanmar

Kanji Tsuda

April Story (1998) 7.1
April Story (1998) April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie

April Story (1998)

1998
Ju-on: The Grudge (2002) 6.7
Ju-on: The Grudge (2002) Ju-On: The Grudge (2002)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ ...
movie

Ju-on: The Grudge (2002)

[18+] Guilty of Romance (2011) 6.8
[18+] Guilty of Romance (2011) (Dark Side Production မွ တင္ဆက္သည္။)Guilty of RomanceIMDb (6.8)ပထမဆုံးပြောချင်တာက ဒီဇာတ်ကားက တော်တော်လေးကိုရှုပ်ထွေးတဲ့ ၁၈နှစ်အထက်မှကြည့်လို့ရတဲ့ကားပါဇာတ်ကားကို ပြန်ဖြစ်ခဲ့တဲ့အကြောင်းကတော့ ဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းကို ဝတ္တုလေးတွေလိုပြန်ရေးတဲ့ မရွှေမိုး (ကိုရီးယား)ရဲ့ ပိုစ့်တစ်ခုကြောင့်ပါပဲ အဲ့ဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံပြီးတော့ ဒီဇာတ်ကားကို ရိုက်ကူးထားတာပါမရွှေမိုးရေးထားတဲ့ ဇာတ်လမ်းကိုအကျဉ်းချုပ်ကို အရင်ပြောပြချင်ပါတယ် A ဆိုတဲ့အမျိုးသမီးဟာ ၁၉၉၇ ခုနှစ် မတ်လ ၈ရက်နေ့ အဲ့နေ့မှာအသတ်ခံလိုက်ရပါတယ် အသတ်ခံရပုံက ကာမဆက်ဆံပြီးတော့ လည်ပင်းညှစ်သတ်လိုက်တာပါ ဝမ်းနည်းဖွယ်ရာလူသတ်မှုပါပဲအသတ်ခံရတဲ့သူကိုစစ်လိုက်တဲ့အခါ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်တဲ့ ဆင်းရဲစုတ်ပြတ်တဲ့မိန်းကလေးတစ်ယောက်ပုံစံမျိုးပါ.. ဒါပေမယ့် ဆန်းကြယ်တာက သူမရဲ့အချက်အလက်တွေကိုစစ်ဆေးတော့မှ သူမဟာ ပြည့်တန်ဆာတစ်ယောက်မဟုတ်ဘဲ နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ဂုဏ်သိက္ခာရှိ ပညာတတ် လူချမ်းသာမိန်းကလေးတစ်ယောက်ဖြစ်နေတာပါပဲ။ဒါဖြင့်ရင် သူကဘာလို့ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ပြီးတော့ လမ်းပေါ်မှာ ဒီလိုပုံနဲ့လာသေနေရတာလဲ ဒါဟာ လူတိုင်းတွေးမိတဲ့မေးခွန်းတစ်ခုပါ ဒါပေမယ့် အဖြေကတော့မရှိခဲ့ပါဘူး။ဒီအမှုပိုပြီးတော့ နာမည်ကြီးသွားရတဲ့အကြောင်းရင်းကတော့ သူ့ကိုသတ်တယ်လို့ယူဆရတဲ့ နီပေါနိုင်ငံသားအလုပ်သမားကြောင့်ပါ သူများနိုင်ငံလာနေပြီး သူတို့နိုင်ငံသားကိုသတ်သွားတယ်လို့ယူဆတဲ့ ဂျပန် လူမျိုးထုကြီးကို နိုင်ငံတော်က ထိန်းသိမ်းနိုင်ဖို့ အဆင့်ဆင့်အခါခါစစ်ဆေးခဲ့ရပါတယ်။သက်သေတွေမတိကျမှုတွေကြောင့် တရားခံအစစ်မတွေ့ခင်မှာ နီပေါနိုင်ငံသားကိုပဲ တရားခံလို့သတ်မှတ်ပြီး ဖမ်းဆီးထားခဲ့တာပါ အဲ့ဒီ့နီပေါနိုင်ငံသားဟာ လက်မလျှော့ပဲ အယူခံ ခဏခဏဝင်ကာ သူ့ရဲ့ရိုးသားမှုကို ပြသနိုင်ခဲ့သွားပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၁၅နှစ်ကို ထောင်ထဲမှာကုန်ဆုံးလိုက်ရပါတယ် အဲဒီအဖြစ်အပျက်ကြောင့် တရားခံအစစ်ကိုရှာမတွေ့နိုင်တဲ့ အမှု သေသူရဲ့အလုပ်အကိုင်အကြောင်းခန့်မှန်းနိုင်မှုမရှိတာတွေကြောင့် အခုချိန်ထိကို ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းတဲ့အမှုအဖြစ်နဲ့ ...
movie

[18+] Guilty of Romance (2011)

2011
Shin Godzilla 6.8

Shin Godzilla

2016