Channel Myanmar

Kareena Kapoor

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Ra One (2011) 4.8
Ra One (2011) ဒီဇာတ်ကားလေးကတော့ စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး အားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂိမ်း ပရိုဂရမ်ရေးဆွဲသူ ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်က ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။ သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။ ဒီလိုနဲ့ ရှီကာဟာ နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။ ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့ ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား ခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့ အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်း ရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာဝမ်း ဇာတ်ကောင်အရုပ်သည်လည်း အသက်ဝင်လာသည်။ ထို့နောက် ရာဝမ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့် ကြိုးစားချိန်တွေမှာတော့ ????? ဘာတွေဆက်ဖြစ်မလဲ။ ...
movie

Ra One (2011)

2011
Bodyguard (2011) 4.6
Bodyguard (2011) Bodyguard 2011 Hindi ဒီဇာတ်ကားကကတော့၂၀၁၁မှာမင်းသားဗီဂျေးရဲ့The Bodyguard နဲ့အပြိုင်ထွက်ရှိခဲ့တဲ့မင်းသားဆလ်မန်ခန်းရဲ့နုနုရွရွဇာတ်ကားလေးပါကျွန်တော်တို့ဘော်ဒီဂတ်ဇာတ်ကားတွေကြည့်ဖူးသမျှ ကားတွေအားလုံးမှာမင်းသမီးကိုစောင့်ရှောက်ရတာတွေပါပဲဒါမှလည်းဘော်ဒီဂတ်ပီသမှာကိုးဘော်ဒီဂတ်လောင်လီဆင်းဂ်ဟာသူ့တာဝန်တွေကိုထမ်းဆောင်ရင် ဘယ်တော့မှမချိုးဖြတ်ပါဘူးဂျေဆင်ပူးနားရ်စံအိမ်ရဲ့သခင်မစ္စတာဆတာဂျေဟာတရားမျှတမှုကိုလုပ်ဆောင်သူတစ်ဦးပါတရားမျှတမှုပေါ်အောင်မကောင်းမှုကိုဖယ်ရှားရတာနဲ့အညီ လူဆိုးခေါင်းဆောင်ရန်ဂျန်မဟ်ထွီနဲ့ရန်သူတွေဖြစ်သွားပါတော့တယ်ဒါကြောင့်သမီးဖြစ်သူဒေဗီရာကိုစောင့်ရှောက်ဖို့ဘော်ဒီဂတ်လောင်လီဆင်းဂ်ကိုတာဝန်ပေးလိုက်တာပါတယ်ဒီလိုနဲ့ဒေဗီရာကောလိပ်တက်တဲ့အခါလိုက်စောင့်ရှောက်ရပါတယ်ဒါပေမဲ့လောင်လီဆင်းဂ်လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းကိုလုပ်နေတဲ့ ဒေဗီရာနဲ့မာရာဟာစိတ်လွတ်လမ်းဖြစ်တဲ့ ဘော်ဒီဂတ်ကြီးကိုနောက်ဖို့လုပ်ပါတော့တယ်ဒေဗီရာဟာလောင်လီဆင်းဂ်နဲ့ဖုန်းထဲမှာချာရာဆိုတဲ့နာမည်နဲ့နီးစပ်သွားပါတော့တယ်အချိန်တွေကြာလာတာနဲ့အမျှချာရာဟာလောင်လီဆင်းဂ်ကိုချစ်မိသွားတယ်တကယ်တော့ချာရာဆိုတာဒေဗီရာဆိုတာလောင်လီဆင်းဂ်မသိရှာပါဘူးလောင်လီဆင်းဂ်ကိုခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဒေဗီရာဟာခိုးရာလိုက်ပြေးဖို့လုပ်ပါတော့တယ်…ဒီအကြောင်းတွေသိသွားတဲ့မစ္စတာဆတာဂျေဟာသမီးဖြစ်သူကိုလောင်လီဆင်းဂ်နဲ့သဘောတူပါ့မလားသတ်တော်စောင့်နဲ့သူဋ္ဌေးသမီးချစ်တိုင်းညားကြပါ့မလား…  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုသိန်းဇော်ပါ)  File Size : (0.99 GB)  Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre :Action, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thein Zaw Encode by Thanhtike Zaw
movie

Bodyguard (2011)

2011
Gabbar is Back (2015) 7.1
Gabbar is Back (2015) Gabbar is Back (2015)_____IMDb - 7.1/10     IMDB 7.1 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ် ဇာတ်ကားလေးတစ်ကားကို  တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့ အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ် ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ .... သူ့ကို ရဲတွေက ဖမ်းမိမှာလား လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို ...
movie

Gabbar is Back (2015)

2015
Udta Punjab (2016) 8.0
Udta Punjab (2016)    IMdb 8.0/10 ရထားတဲ့ အိန္ဒိယ အလန်းဇာတ်ကားတကားကို ဘောလိဝုဒ် ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကား က ပန်ဂျပ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး ယခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်းဘောလိဝုဒ် ပရိတ်သတ်ကြီးနဲ့မစိမ်းတာမို့ မိတ်မဆက်ပေးတော့ပါဘူး ဒီဇာတ်ကားဟာ ကုန်ကျစရိတ် ၅.၉ သန်းကုန်ကျခဲ့ပြီး ၁၅သန်းထိအောင် ၀င်ငွေရရှိကာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဆိုလည်းမမှားပါဘူး ဇာတ်လမ်း အကျဉ်းလေးကတော့ တော်မီဆင်းလို့ သိကြတဲ့ ရှာဟစ်ကူးပါး ဟာ လန်ဒန်ဖွား ပန်ချာပီတယောက်ဖြစ်ပြီး အော်မြင်တဲ့ အဆိုတော်တယောက်ပါ တနေ့မှာ သူဟာ ဆေးသမား တာယာဂျီနဲ့ ဆုံတွေ့မိပြီး ဆေးစသုံးခဲ့မိပါတယ် ဘာဟာရီ သူကတော့ စိုက်ခင်းကအလုပ်သမလေးဖြစ်ပြီးသူ့အိမ်မက်ကတော့ နိုင်ငံတော်အဆင့်ထိရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ဟောကီကစားသမားတယောက်ဖြစ်ဖို့ပါ တနေ့မှာသူဟာ စိုက်ခင်းထဲမှာ အထုပ်တထုပ်ကိုတွေ့ပြီးဖွင့်ကြည့်ခဲ့မိပြီး ကံဆိုးမိုးမှောင်ကျ ပြီးဘယ်လိုတွေများဆက်ဖြစ်မလဲ ပရီရှာနီ သူကတော့ ဆရာဝန်တတယောက် သူ့အဓိကအလုပ်က ဆေးဖြတ်တဲ့ဆေးရုံမှာ အလုပ်လုပ်တာပါ သူ့သူငယ်ချင်း ဆာတာဆင်းဂ်ျ ကတော့ ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ ရဲတယောက်ပါ တနေ့မှာတော့ ...
movie

Udta Punjab (2016)

2016
Ki & Ka (2016) 5.8
Ki & Ka (2016) ဒီကားလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် အိမ်ထောင်ပြုပြီး အိမ်အလုပ်တွေကိုပဲလုပ်ရင်း ဘဝကိုမနှစ်မြုပ်ချင်တဲ့ ကောင်မလေးနဲ့ ဖခင်ကအရမ်းချမ်းသာသောသူဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းတွေကိုစိတ်မဝင်စားဘဲ သူ့ရဲ့အမေကိုအရမ်းလေးစားအားကျတဲ့ ကောင်လေးတို့ တွေ့ဆုံကြတဲ့အခါ တခြားသူတွေနဲ့ မတူတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်မလဲ ကောင်လေးကရော သူ့ချစ်သူအတွက် အိမ်အလုပ်တွေလုပ်ရင်းနဲ့ပဲ နောက်ကွယ်ကနေပံ့ပိုးပေးနိုင်မလား .... ကောင်မလေးကရော သူ့ချစ်သူကို လူကြားမှာပွဲထုတ်ဖို့အတွက် ဘယ်လိုခံစားမှုတွေရှိနေမလဲ .... နောက်ပိုင်း သူ့ခင်ပွန်း အကြောင်းတိုက်ဆိုင်၍အောင်မြင်လာတဲ့အခါမှာရော မနာလိုမှုမရှိဘဲ မေတ္တာဆက်ထားနိုင်မလား သူတို့နှစ်ယောက်ရဲ့ အချစ်ကသူမတူဘဲ ဘယ်လောက်ထိရှေ့ဆက်လျှောက်လှမ်းသွားနိုင်မလဲဆိုတာကတော့ ....ဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်းစားစွာနဲ့ အဖြေရှာလိုက်ကြပါလို့ပြောပါရစေ။ အိန္ဒိယရဲ့ နာမည်ကြီးမင်းသမီး ကရီနာ ကပူးရ် သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်အနေနဲ့ အမီတာဘချမ်းလည်းပါဝင်တဲ့အတွက် ဇာတ်ကားကောင်းလေးအဖြစ် ပရိတ်သက်တွေ သဘောတွေ့မှာမလွဲဘူးလို့လည်း ယုံကြည်မိပါတယ်။Quality….bluRay 720P Length…2 hours 6 mins Format…mp4 File size…884MB Subtitle….Myanmar Subtitle (Hardsub) Translator…Moe Zin Encoder….Kaung Myat Thu(ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့  ကိုမိုးဇင် ပဲ ဖြစ်ပါတယ်) 
movie

Ki & Ka (2016)

2016