Channel Myanmar

Karina Smulders

Will (2024) 7.1
Will (2024) Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Will (2024)

2024
Speak No Evil (2022) 6.8
Speak No Evil (2022) ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson
movie

Speak No Evil (2022)

2022