Channel Myanmar
Kate Beckinsale
The Trials of Cate McCall(2013) 6.2
The Trials of Cate McCall(2013)  Genre – Crime, Drama IMDB – 6.2/10ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင်သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်းမဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်းဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်းသမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှုတစ်ခုပေါ့လေ။ အဲဒီမှာ ...
movie
The Trials of Cate McCall(2013)
Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie
Van Helsing (2004)
2004
4K HEVC
Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie
Contraband (2012)
2012
Jolt (2021) 5.4
Jolt (2021) Jolt (2021)==========IMDb Rating - 5.4/10ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်းပြထားပါတယ်။လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသထိန်းရရှာပါတယ်။ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူအဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှအဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီးပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ...
movie
Jolt (2021)
2021
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
Farming(2019) 5.7
Farming(2019) Farming(2018)(unicode)ဒီဇာတ်ကားလေးကတော့ ပြည်တွင်းစစ်ပွဲများကြောင့် အင်္ဂလန်မှာ လာခိုလှုံနေသော လူမည်းမိဘ ၂ပါးဟာ မိမိတို့ကလေးအတွက် ကောင်းမွန်သော ဘဝတည်ဆောက်ပေးဖို့ အတွက် ကြိုးစားရာမှာ အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို ပြသထားတာဖြစ်ပါတယ်။ လူမည်းကလေးငယ်က မိမိဘဝဖြစ်တည်မှုဖြစ်တဲ့ လူမည်းဘဝကို မကျေမနပ် ဖြစ်လာချိန်မှာ သူပေါင်းသင်းချင်သူတွေကော သူ့အတွက် ဘဝကို ဖျက်ဆီး မယ့် သူလား၊ ကိုယ့်ဘဝကို ပိုကောင်းအောင် လုပ်ပေးမှာလားဆိုတာ ပြသထားပါတယ်။ သူ့ကို ထိန်းကျောင်း နေသူတွေကလည်း သူ့ကို ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ဖြစ်ပေမယ့် မှန်ကန်တဲ့နည်းလမ်းလား၊ မမှန်ကန် တဲ့နည်းလမ်းလားဆိုတာတွေ ရှုစားရမှာပါ။ အဆုံးသတ်မှာတော့ သူမကျေနပ်တဲ့ သူဖြစ်တည်မှုကြောင့် ဘယ်လိုကျရှုံးသွားမလဲ တစ်နည်းနည်းနဲ့များ အလှည့်အပြောင်းဘယ်လို ဖြစ်နိုင်သလဲဆိုတာ စောင့်ကြည့်လိုက်ကြပါအုံးခင်ဗျာ။ ဒီဇာတ်ကားမှာ ထူးခြား တာကတော့ under world ဇာတ်လမ်းများနဲ့ van helsing ဇာတ်လမ်းမှ လူသိများသူ ဖိုက်တာမင်းသမီး Kate ...
movie
Farming(2019)
The Aviator (2004) 7.5
The Aviator (2004) The Aviator (2004) IMDb - 7.5/10_____Rotten - 86%Won 5 Oscars. Another 81 wins & 130 nominations.    The Aviator ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ Director : Martin Scorsese ရိုက်ကူးခဲ့တဲ့ Biographical, Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ American Box Office အဖြစ် American $213.7 million အထိ ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioက Howard Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက် H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ လေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ ချိတ်ဆက်မိပြီး Army Air Forces မှာ Spy Aircraft ဆိုတဲ့ project ကို လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။     File size…(1.4GB) Quality…BR-Rip 1080p Format…mp4 Duration….02:50:06 Subtitle….Myanmar ...
movie
The Aviator (2004)
2004
Click (2006) 6.4
Click (2006) [Unicode]Click (2006)ဘဝဆိုတာ ဘာများလဲ....။ ဘဝမှာ ရှင်သန်ဖို့ အလုပ်လုပ်ကြတာလား အလုပ်လုပ်ဖို့ ရှင်သန်ကြတာလား....။ ရှင်သန်ဖို့ အလုပ်လုပ်ကြရင်း ဘဝရဲ့ အဓိပ္ပါယ်က အလုပ်လုပ်ဖို့ ရှင်သန်သလို ဖြစ်သွားကြသူတွေလည်း ရှိတက်ပါတယ်။ဒီ ဇာတ်လမ်းလေးရဲ့ အစမှာ မိုက်ကယ်ဆိုတဲ့ အလုပ်ပဲ အချိန်ပြည့်လုပ်နေတက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ရှိပါတယ်။ မိသားစု အားလပ်ရက်ကိုပါ ဖျက်ပြီး အလုပ်ပဲ အချိန်ပြည့် လုပ်နေတက်ပါတယ်။အဲ့ဒီလို လူရဲ့လက်ထဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု ရောက်လာခဲ့ပါတယ်။ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။ ဒီလို ကျော်ပစ်ရင်း...မိသားစု အပါအဝ် အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ... စိတ်ပျက်စရာ ငြီးငွေ့စရာတွေ အများကြီးပါပဲ ဒီအခါမှာ ချစ်ခြင်းတရားဟာ အရေးပါလာပါပြီ။ကျွန်တော်တို့ ကိုယ့်ကို ချစ်တဲ့ လူတွေရဲ့ ချစ်ခြင်း ပျော်ရွှင်မှု..တွေကို ဘယ်လောက်ထိ လျစ်လျှူ ရှု့ ဲပြီး ကြပြီလဲ။ဖြစ်ချင်တာတွေက အများကြီး ဖြစ်မလာသေးတာတွေက အများကြီး ဒါပေမဲ့ ဒါတွေက ဘယ်လောက်များ အရေးပါလဲ။မျှဝေ ခံစားမဲ့သူ မရှိတဲ့ အောင်မြင်မှုတစ်ခုကရော ပျော်ရွှင်မှု ဟုတ်ပါ့မလား။ အောင်မြင်မှု ရော ဟုတ်ပါ့မလား။ ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ ...
movie
Click (2006)
2006
Absolutely Anything (2015) 6.0
movie
Stonehearst Asylum (2014) 6.8
Stonehearst Asylum (2014) Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54%    ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။    Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie
Stonehearst Asylum (2014)
2014