Channel Myanmar

Katia Winter

The Conference (2023) 5.8
The Conference (2023) The Conference (2023)ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration ...
movie

The Conference (2023)

2023
Off Track (2022) 6.1
Off Track (2022) Off Track (2022)~ IMDb rating - 6.1/10 ~ကလေးတစ်ယောက်မိခင် လီဆာဟာ စံထားရလောက်တဲ့ မိခင်တစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ ဘဝကို ရေလိုက်ငါးလိုက်ဖြတ်သန်းနေတဲ့၊ အလုပ်မရှိအကိုင်မရှိ အချိန်ပြည့် အရက်ပဲသောက်နေတဲ့ လမ်းဆုံးလုနီးပါး အမျိုးသမီးတစ်ယောက်ပေါ့။သူနဲ့ ဆန့်ကျင်ဘက်ကတော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဒန်နီယမ်ပါ။ သူကတော့ အသက်လတ်ပိုင်းအရွယ် အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဘဝရည်မှန်းချက်ကြီးသူ... အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သူဟာ ကီလိုမီတာ ၉၀ တာအဝေးရှိတဲ့ ဗာဆာနှင်းလျှောစီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့နှင်းလျှောစီးသူ တစ်ယောက်ပါ။ဒန်နီယမ်ဟာ ညီမဖြစ်သူ လီဆာ ဒုက္ခရောက်တိုင်းလည်း ကူညီရသူပါ။ တစ်နေ့တော့ အိမ်ပေါ်ကို ၃ လလောက်‌ ခေါ်တင်ထားရမယ့်အခြေအနေထိ ရောက်လာပါတယ်။ ဒီလိုနဲ့ ဒန်နီယမ်ဟာ မှိုင်တွေနေတဲ့ သူ့ညီမကို စိတ်ပြေလက်ပျောက် နှင်းလျှောစီးခေါ်သွားခဲ့ပါတယ်။အစကတော့ လီဆာဟာ ဒီအားကစားကို တစ်စက်လေးမှ စိတ်မဝင်စားခဲ့ပါဘူး။ သို့ပေမယ့် သမီးဖြစ်သူ အယ်ဗီရာက ဒါကို ...
movie

Off Track (2022)

2022
The Catch (2020) 5.8
The Catch (2020) The Catch (2020)=============IMDb Rating - 5.8/10ဒီတစ်ခါတော့ ဘ၀အခက်အခဲတွေ ဆိုးဝါးတဲ့ အတိတ်တွေနဲ့ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်အကြောင်း drama လေးပါ။ဇာတ်လမ်းအကျဉ်းရာသီဥတ အေးစက်ငြိမ်သက်နေတဲ့ တစ်နေ့မှာ ဘက်သ်ဆိုတဲ့ အမျိုးသမီးဟာအိမ်ဆိုတဲ့ အရပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ငါးနှစ်တာ ဘာအကြောင်းမှ မကြားဘဲ ပျောက်သွားခဲ့လေတော့ဖခင်ဖြစ်သူကလည်း နွေးထွေးစွာ မကြိုဆိုခဲ့ပါဘူး။သူ ဇာတိမြေကို ပြန်လာခဲ့ရခြင်းကလည်း အကြောင်းရင်းတစ်ရပ်ရှိနေပါတယ်။ သို့ပေမဲ့ ဇာတိမြေရောက်တော့လည်း အဆင်မပြေမှုတွေကြောင့် သူ့ရဲ့အဖြစ်က ဒုက္ခပေါ် ဒုက္ခဆင့်သလိုပါပဲ၊ဒီတော့ သူဟာ အရင်ရည်းစားဟောင်းဖြစ်သူ ဒစ်ကီနဲ့ ပြန်တွဲပြီး . ဒီ ဒုက္ခတွေကို မသမာတဲ့နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအဖြစ်တွေ ကြုံလာချိန်မှာ တစ်ဖက်က ကိုယ့်ဆန္ဒ၊ တစ်ဖက်ကမိသားစုဖြစ်နေလေတော့ ဘက်သ်တစ်ယောက် အကြပ်ရိုက်စရာတွေ ကြုံလာတဲ့အခါ . . . သူ ဘယ်လိုဆုံးဖြတ် ဖြေရှင်းမလဲ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဘက်သ်တစ်ယောက် ဒီဒုက္ခတွင်းကြီးထဲက ...
movie

The Catch (2020)

2020
You’re Not Alone 2020 3.6
You’re Not Alone 2020 အန်မာ တစ်ယောက် ခင်ပွန်းဟောင်းသေဆုံးသွားပြီးတဲ့နောက်မှာ မွေးပြီးနောက်ပိုင်းတည်းက မြင်ခွင့်မရခဲ့တဲ့ သူ့ရဲ့သမီးဖြစ်သူကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် တစ်ကိုယ်တည်းမိခင်ဘဝနဲ့ အိုင်လာလေးကို စောင့်ရှောက်ရင်း မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံခဲ့ရပါတော့တယ် မမြင်ရတဲ့မကောင်းဆိုးဝါးတွေဟာ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက် လောလောလတ်လတ်ဆုံးရှုံးထားရတဲ့ သားအမိနှစ်ယောက်ကို နှိပ်စက်ပါတော့တယ် အန်မာတစ်ယောက် အရင်အိမ်ကိုပြောင်းပြီးတည်းက မမြင်ရတဲ့အမှောင်ပယောဂတွေနဲ့ရင်ဆိုင်ရင်း သူနဲ့သူ့သမီးလွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ် အန်မာတစ်ယောက် သူ့သမီးကိုကယ်တင်နိုင်ပါ့မလား ဘယ်အရာတွေက သူ့ကိုနှိပ်စက်နေတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦး    F ile Size : 600mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32min Genre ;Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie

You’re Not Alone 2020

The Wave (2019)
The Wave (2019) The Wave 2019===========#Unicodeဖရန်ကီ  . . . သူက အိမ်ယာတွေ၊ စာချုပ်စာတန်းတွေ စတာတွေကို ကိုယ်တိုင်ပေးတဲ့ ရှေ့နေတစ်ယောက်သူလုပ်ထားတဲ့ စာတမ်းတစ်ခုက အသုံးဝင်ပြီး ငွေကြေးလည်ပတ်မှုကိုပြောင်းလဲစေနိုင်တဲ့ အထိဖြစ်လာနိုင်တယ်။အဲ့ကိစ္စအတွက် မနက်ဖြန် Wed မှာ Meeting လုပ်ရမယ် ဒါဟာသူ့ဘဝအတွက်အခွင့်အလမ်းတစ်ခုပါပဲ၊အဲ့အကြောင်းကိုသိတဲ့ သူ့သူငယ်ချင်းက ဒီနေ့တော့ မင်းအောင်ပွဲခံသင့်တယ်၊ အောင်ပွဲခံရမယ်ဆိုပြီး အတင်းခေါ်ပါတယ်၊သူက ဒီနေ့က Tue မို့လို့ရယ်၊ မနက်ဖြန်မှာ အရေးကြီးလို့ မလုပ်ဘူးဆိုပြီး အတန်တန်ငြင်းခဲ့ပေမယ်၊ အိမ်အပြန်ညဘက်စိတ်ရှုပ်ထွေးမှုနဲ့ သူ့ရဲ့ Tuesday ဟာ Party ပွဲတစ်ခုကိုဖြတ်သန်းလိုက်ရတာကနေ . စတော့တာပါပဲ၊ ဟိုသီချင်းကိုသိတယ်မှတ်လား"လူတွေအကုန် လေပေါ်မှာပျံနေပြီ ဆိုတာ " . . . အသစ်အဆန်းနဲ့ ခေတ်စမ်းတာတွေအများကြီး ကြုံတွေ့ရမယ့် ကိစ္စတွေပါတာမို့Movie ထဲမှာသာလေ့လာကြကုန် ။ #Zawgyiဖရန်ကီ . . . သူက အိမ်ယာတွေ၊ ...
movie

The Wave (2019)

2019
Negative(2018) 4.5
Negative(2018) အခုတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင်ကားကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ၂၀၁၈ ခုနှစ်အခုလထဲမှာထွက်ထားတာဖြစ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့မယ့်ကားဖြစ်မှာပါ  စပိုင်အက်ရှင်ကားးမျိုးဖြစ်ပြီးတော့တစ်ကားလုံး ပေါက်ကရ စကားတွေနဲ့ အရွန်းဖောက်ပြီး ကြည့်တဲ့သူမပျင်းရအောင် ဆွဲခေါ်သွားမယ့်ကားမျိုးပါဒီကားကို ဒါရိုက်တာ Joshua Caldwell ကရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသားမင်းသမီးတွေအဖြစ် Katia Winter/Sebastian Roche / Josh Randall တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ နာတာလီဟာ အမေရိကန် အနောက်တောင်ဖက်ပိုင်းကို တာဝန်ကျနေတဲ့ဗြိတိန် MI 5 အေးဂျင့်ဖြစ်ပြီးတော့ သူ့တာဝန်ကတော့ လော့အိန်ဂျလိမှာရောက်နေတဲ့ သူ့ပါတနာနဲ့ ဆက်သွယ်ပြီးတော့သူတို့ကို ခြိမ်းခြောက်နေတဲ့ ဟာလစ်နဲ့ အပေးအယူလုပ်ရမှာဖြစ်ပါတယ် ဟောလစ်က ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့သူဟာ နာတာလီ ရဲ့ ပုံတွေကို ရိုက်ထားပြီး နာတာလီ ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ဖို့ အကြပ်ကိုင်နေတာဖြစ်ပါတယ်ကဲ ပရိတ်သတ်ကြီးက ဗြိတိန်အေးဂျင့် နာတာလီ က သူ့ပုံတွေကိုပြန်လည်ရယူနိုင်မလားဟောလစ်ကကော နာတာလီ ရဲ့ လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားနာတာလီ နဲ့ ...
movie

Negative(2018)

2017