Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Katreena Beron
8.2
Doll House (2022)
Doll House (2022)~ IMDb - 8.2/10, Rotten Tomatoes - 100% ~2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်းလေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ...
movie
Doll House (2022)
2022