Channel Myanmar

Kavithalaya Krishnan

Shot Boot Three (2023) 8.6
Shot Boot Three (2023) Shot Boot Three (2023) "ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု"IMDb-8.7/10မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shot Boot Three (2023)

2023
Are You Ok Baby? (2023) 8.8
Are You Ok Baby? (2023) Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

Are You Ok Baby? (2023)

2023
96 (2018) 8.9
96 (2018) 96 (2018)" ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ခင်ခင်ပျိုရေ ..... ငါ စောင့်ခဲ့တယ် ။ ။#အောင်ချိမ့်အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ .... "ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့" ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ...
movie

96 (2018)

2018
Gargi (2022) 8.4
Gargi (2022) Drama, Thriller, Mystery IMDb - 8.4 / 10"ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?"ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့....သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင်အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo ...
movie

Gargi (2022)

2022
4K HEVC Web-DL