Channel Myanmar

Keiko Horiuchi

The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Ox-Head Village (2022) 5.1
Ox-Head Village (2022) Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie

Ox-Head Village (2022)

I Give My First Love to You (2009) 7.1
I Give My First Love to You (2009) I Give My First Love To you (2009)~ IMDb rating - 7.1/10 ~ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ...
movie

I Give My First Love to You (2009)

2009
The 100th Love with You(2017) 6.9
The 100th Love with You(2017) The 100th Love with You(2017)(unicode)ဒီကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့ထဲက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အချစ်စစ်အချစ်မှန်နဲ့ တွေ့ဆုံကြတာကို ဖူးစာဆိုပြီး လှပစွာ ခေါင်းစဉ်လေး ကျွန်တော်တို့တပ်ခဲ့ကြတယ်... တစ်ချို့တွေအတွက် အချစ်စစ်တစ်ခုအတွက် အချိန်များစွာကြာပြီးမှ ဖြစ်တည်ခဲ့ကြသလို တစ်ချို့အတွက်လည်း ဆန်းကြယ်တဲ့အခိုက်အတန့်တစ်ခုမှာ အချိန်တိုအတွင်းငြိတွယ် ခဲ့ကြတယ်...ဘယ်လိုပဲ ဖူးစာပါပါ လူတစ်ယောက်နဲ့ တစ်ယောက် အကြိမ် ၁၀၀မြောက် ပုံစံစုံနဲ့တွေ့ခဲ့ရင် သူတို့ ချစ်နိုင်ကြပါ့မလား... ကောင်လေးတစ်ယောက်ဟာ အချိန်နောက်ပြန်သွားလို့ရတဲ့ ပစ္စည်းတစ်ခုပိုင်ဆိုင်ထားတယ်...ဒီပစ္စည်းကိုအသုံးပြုပြီး အချိန်တွေနောက်ပြန်သွားရင်း သူတစ်စိုက်မတ်မတ် လုပ်တဲ့အရာတစ်ခုရှိတယ်...အဲ့ဒါကတော့ သူချစ်တဲ့ကောင်မလေး အသက်အန္တရယ်ကနေ လွတ်မြောက်အောင် ကာကွယ်ပေးတာပါပဲ...ပြောရရင် သူတို့ အကြိမ် ၁၀၀မြောက်‌တွေ့ကြတယ်ဆိုပါတော့.... ဒီကားက သီးချင်းကောင်းတွေများစွာပါသလို သီချင်းတွေကလည်း ဇာတ်ကားရဲ့ အသက်ကို ထပ်လောင်းမြှင့်တင်ပေးလို့ ဘာသာပြန်ပေးထားပါတယ်... သရုပ်ဆောင်တွေအကုန်လုံးလည်း ချောမောလှပကြသလို တကယ့်ကို ဆွတ်ပျံကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးပါပဲ.. အစမှ အဆုံးထိ ဆွဲဆောင်မှုရှိသလို ဘာဆက်ဖြစ်မလဲဆိုတာ တစ်စိမ့်စိမ့်တွေးစေတဲ့ကားမျိုးလေးပါ... ခင်ဗျားတို့ရော ကိုယ့်ကိုအကြိမ်၁၀၀ ပြန်တွေ့ရင်တောင်ချစ်နေမယ်ဆိုတဲ့သူမျိုး ကိုယ်က အကြိမ်၁၀၀ပြန်တွေ့ရမယ်ဆိုရင်တောင် ချစ်နေမယ့်သူမျိုး ရှိကြပြီလား.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ FA မမ Thinzar Htet ပဲဖြစ်ပါတယ်....(zawgyi)ဒီကမာၻႀကီးမွာ ...
movie

The 100th Love with You(2017)

2017