Channel Myanmar

Keisuke Koide

Heavenly Forest(2006) 7.4
Heavenly Forest(2006) Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie

Heavenly Forest(2006)

2006
Strawberry Night (2013) 6.3
Strawberry Night (2013) [Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie

Strawberry Night (2013)

Cyborg She (2008) 7.0
Cyborg She (2008) Cyborg She (2008)_____IMDb - 7.0/10    လွန်ခဲ့တဲ့ ၄ နှစ် ဝန်းကျင်လောက်က ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဆုံးသော မြန်မာစာတန်းထိုး ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်..ကြိုက်လွန်းလို့ကိုမရမကပြန်ရှာပြီးဘာသာပြန်ပေးရတဲ့ဇာတ်ကားလေးဖြစ်သလို ဘာသာပြန်ပိုး ဝင်သွားတာလည်းဒီဇာတ်ကားကြောင့်ပါ..ကဲ..ကြည်နူးဖို့ကောင်းတဲ့ဂျပန်ဇာတ်ကားလေး ရဲ့ အညွှန်းကိုဖတ်ကြည့်ရအောင် IMDb Rate ကလည်း 7.0 အထိရထားတဲ့ဇာတ်လမ်းကောင်းလေး ဖြစ်ကြောင်းလည်းညွှန်းလိုပါတယ်..ပြန်ဒေါင်းပြီးသိမ်းထားကြပါ   ဇာတ်လမ်းအညွှန်း   အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရို ဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကို လိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကို သံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို .. နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ    File Size : 1.27 GB | Quality : Blu-Ray 720p | Format : mp4 | Subtitle : Myanmar Subtitle ( Hardsub ) | Translated By LK | Encoded By ...
movie

Cyborg She (2008)

2008
God of War (2017) 6.2
God of War (2017)  တိုက်ပွဲကြားထဲကသွေးစက်တွေကိုဘယ်သူမြင်နိုင်မှာလဲအောင်နိုင်သူအဖြစ် ပွဲခံနို်င်ဖို့ ငါတို့သွေးစက်တွေနဲ့ ရင်း၍ ဒီတစ်ပွဲတော့နွှဲရဦးမည်(Xinhe)ရှင်းဟော်မြို့တော်ရဲ့နယ်စပ်မြို့ငယ်လေးတွေကို ဂျပန်ပင်လယ်ဓားပြတွေဟာ သိမ်းပိုက်ထားပြီးနောက်မှာတော့ ရှင်းဟော်မြို့တော်ရဲ့ဗိုလ်ချုပ်ယူဟာအကြိမ်ကြိမ် သွားရောက်တိုက်ပေမယ့် ဂျပန်ပင်လယ်ဓားပြတွေရဲ့ ပရိယာယ် အလစ်တိုက်ခိုက်ခံရတာ ၇လလောက်ကြာခဲ့ပါတယ်ဒါကြောင့်လည်းတာဝန်မှရပ်စဲခြင်းကိုခံလိုက်ရပါတယ်ဒီအချိန်မှာ နောက်ထပ်တိုက်ပွဲရေဝနေတဲ့ ရှင်းဟော်မြို့တော်ရဲ့ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ချီကွမ်းဟာ သူ့မှာရှိတဲ့ စစ်သား၈ထောင်လောက်နဲ့ ဂျပန်ပင်လယ်ဓားပြ ၂သောင်းလောက်ကို တိုက်ကွက်အသစ်တွေနဲ့ထိုးစစ်ဆင်ကြတဲ့အခါ...ကိုယ့်ရေမြေအတွက် သေပွဲပင်ဝင်လိုဝင် စစ်သားတစ်ယောက်ရဲ့စိတ်ဓာတ်ကိုအပြည့်အဝမြင်တွေ့ရမှာပါ ...၂သောင်း နဲ့၈ထောင် ဘယ်လိုမျိုးထိုးစစ်ဆင်ကြမှာလဲအဲဒီစစ်သား၈ထောင်လောက်ကိုရာ ဗိုလ်ချုပ်ချီကွမ်းဟာ စိတ်ဓာတ်တွေခိုင်မာလာအောင်ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲပစ်မလဲဆိုတာခံစားကြပါဦး..ဒါပေမယ့်.....ဆုံးရှုံးမှုကိုရှင်းဟော်တိုင်းပြည်ကလူတွေထပ်ရရှိဦးမလား.......  (ဘာသာပြန်သူတွေကတော့ ဂျွန်လယောင်နဲ. ကစိုးထွေးပါ)  File Size : (950 MB) and (520 MB) Quality : 720pBluray Running Time : 2hr 8min Format : Mp4 Genre : Action, History Subtitle : Myanmar Subtitle (Hard ...
movie

God of War (2017)

2017