Channel Myanmar

Keith Ferguson

Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
We Bare Bears: The Movie(2020) 7.0
We Bare Bears: The Movie(2020) We Bare Bears: The Movie(2020)ဘာတွေပဲဖြစ်နေ ဖြစ်နေ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးမယ်... စခင်ကထဲက ပေးတဲ့ဒီကတိကိုအဆုံးထိတိုင်မြဲစေတဲ့ ဝက်ဝံညီနောင်...သူတို့ (၃)ကောင်လုံးက စရိုက်တွေမတူညီပေမဲ့နားလည်ခွင့်လွှတ်ပြီး အရမ်းချစ်ခင်ကြတဲ့ ဂရစ်ဇ်ရယ် ပန်ဒါရယ် ပိုလာဝက်ဝံရယ်ကို အားလုံးသိထားပြီးဖြစ်မှာပါ...Cartoon Network Studio ကနေ ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ We Bare Bears annimationလေးဟာ အခုတော့ Movie အနေနဲ့ ထွက်ရှိလာပါပြီ။CM ပရိသတ်ကြီးအနေနဲ့လည်း တစ်ဝကြီး ကြည့်ရှူခံစားလို့ရပါပြီ။ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြလိုပါသေးတယ်။အားလုံးသိထားတဲ့ အတိုင်းပဲ ဒီဝက်ဝံသုံးကောင်ဟာအလွဲများစွာနဲ့ လူသားတေွကြားမှာနေထိုင်သူတွေပေါ့။သူတို့ကိုချစ်ခင်သူတေွလည်းရှိသလို မနှစ်မြို့သူတွေကလည်းရှိပါတယ်။တစ်နေ့မှာတော့ ဝက်ဝံညီနောင် လုပ်ထားတဲ့အမှားအတွက် မြို့ကနေနှင်ထုတ်ပါတော့တယ်။လူသားတွေနဲ့ အသားကျနေတဲ့ ဝက်ဝံညီနောင် ဘာဆက်လုပ်ကြမလဲ?သူတို့ကိုလက်ခံပေးနိုင်တဲ့ အိမ်အသစ်ကိုေရာ ရှာတေွ့သွားမလားဆိုတာစိတ်ဝင်စားစရာပါ။အရမ်းချစ်ဖို့ေကာင်းတဲ့ ဝက်ဝံသံုးကောင်ကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size : (850 MB) and (306MB) Quality :  ...
movie

We Bare Bears: The Movie(2020)