Channel Myanmar

Ken Ishiguro

The Legacy of Dr. Death: Black File (2020) 5.5
The Legacy of Dr. Death: Black File (2020) The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie

The Legacy of Dr. Death: Black File (2020)

2020
Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021