Channel Myanmar

Keno Kastillan

Punit na Langit (2023)
Punit na Langit (2023) Punit na Langit (2023)ကလော်ဒီယာဟာ နယ်မြို့လေးတစ်ခုမှာ စကားမပြောတတ်တဲ့အစ်မဝမ်းကွဲနဲ့အတူ နေထိုင်ပါတယ်။ မနီလာမှာတက္ကသိုလ်ဝင်ခွင့်ရလိုက်တာဟာ သူတို့ဘဝတွေကို ဒီလိုဆင်းရဲတွင်းကလွတ်မြောက်ဖို့လမ်းစတစ်ခုပဲဆိုပြီးတော့ ညီအစ်မနှစ်ယောက်လုံးဝမ်းသာနေတဲ့အချိန်ပါပဲ။ အဲဒီအချိန်မှာ သူတို့မြို့ကို နယ်လှည့်ပွဲဈေးတစ်ခုရောက်လာခဲ့ပါတယ်။ငွေသိပ်မရှိပေမဲ့ ပွဲဈေးမလည်ရတာကြာပြီဆိုတော့ သူတို့နှစ်ယောက်ထွက်လာခဲ့ရင်း ဒီယေးဂိုးဆိုတဲ့လူငယ်လေးနဲ့တွေ့ခဲ့ရပါတယ်။ ဒီယေးဂိုးက ပွဲဈေးမန်နေဂျာရဲ့အမျိုးဖြစ်ပြီး ငွေမတတ်နိုင်တဲ့သူတို့နှစ်ယောက်ကို ချားရဟတ်အလကားပေးစီးရာက သူ့အစ်မဖြစ်သူဒိုဆာနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။နောက်ထပ်တွေ့ခဲ့ရတဲ့သူကတော့ ပွဲဈေးမန်နေဂျာဖြစ်တဲ့ ရာဖေးလ် ဆိုသူပါ။ အဲဒီလူက ကလော်ဒီယာကို ပွဲဈေးမှာအလုပ်လုပ်ဖို့ လက်ဆောင်တွေအသွယ်သွယ်နဲ့ ချဉ်းကပ်လာခဲ့ပြီး ကလော်ဒီယာယုံမှတ်လို့ပုံအပ်မိချိန်မှာ တကယ်တမ်း သူ့ဘဝကိုငရဲတွင်းထဲပို့မယ့်သူတစ်ယောက်ဆိုတာ အသိနောက်ကျသွားခဲ့တဲ့နောက်မှာတော့...ကလော်ဒီယာတို့ ဒီငရဲတွင်းကနေ လွတ်မြောက်နိုင်ပါ့မလား... ကူကယ်ရာမဲ့ သူတို့အတွက်ကယ်တင်ရှင်က ဘယ်သူဖြစ်လာမလဲ...Tiffany Grey နဲ့ Apple Dy တို့ကြမ်းကြမ်းရမ်းရမ်းခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.97GB, 890MB Quality - 1080p, 720p Format - mp4 Duration - 1H 47Min Genre - ...
movie

Punit na Langit (2023)

2023