Channel Myanmar

Khalil Ben Gharbia

The Lost Boys (2023) 6.8
The Lost Boys (2023) The Lost Boys (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~" ကျွန်တော်က ဂျိုးပါ။ ကျွန်တော့်ငယ်ဘ၀အကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာလမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကိုတွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ၀က်ဝံတွေလို ငါးတွေကဆောင်းခိုနေတာ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ထင်ခဲ့ပေမဲ့ အခုတော့သိပြီ။ ငါးတွေကသေသွားကြတာဗျ...ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်‌နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ်ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူနဲ့ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်ကနီးပြီ။ တရားသူကြီးရဲ့အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ်ကို ဒီကိစ္စဘယ်လိုပြောပြရမှာပါလိမ့်... "လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ ရင်းနှီးမှုတွေ တပ်မက်စရာကောင်းတဲ့အချစ်တွေ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

The Lost Boys (2023)

2023
Peter von Kant (2022) 6.5
Peter von Kant (2022) Peter von Kant (2022)~ IMDb - 6.5/10, RT - 76%, Meta - 62% ~အချစ်ဆိုတဲ့အရာနဲ့ ပတ်သက်လာရင် စွဲလမ်းမှုဆိုတဲ့ ခံစားချက်က အမြဲကပ်ပါလာစမြဲပါ။ ရယူခြင်း သို့ ပေးဆပ်ခြင်းဆိုပြီး အချစ်ရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့​ပေမယ့် ဘယ်သူမှ ​သေ​သေချာချာ မရှင်းပြနိုင်ခဲ့သလို အချစ်စိတ်နဲ့ တွဲပါလာတတ်တဲ့ ​မျှော်လင့်ခြင်း ပြဿနာကလည်း အခုထိ​ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုဖြစ်​နေဆဲပါ။ ဒီဇာတ်ကားက​ ချစ်ခြင်းတရားကလူတစ်​ယောက်ကို ဘယ်လိုမျိုး ဒုက္ခ​ပေးနိုင်လဲဆိုတာကို ​ဖော်ညွှန်းပြထားတဲ့ ပြင်သစ် Romance, Drama ဇာတ်ကားပါ။ထိပ်သီးရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ပီတာဗွန်ကန့်ဟာ မိတ်​ဆွေဖြစ်သူ နာမည်​ကြီး မင်းသမီး ဆီဒိုနီရဲ့မိတ်ဆက်​​ပေးမှုနဲ့ အမီရ်ဘန်ဆလမ်ဆိုတဲ့ သက်လတ်လူငယ်​လေးတစ်​ယောက်နဲ့ သိကျွမ်းပြီး ချစ်စိတ်​ဝင်ခဲ့ပါတယ်။ ထိုစိတ်နဲ့ပဲ ​ကောင်​လေးကို မင်းသားအဖြစ် စင်တင်​ပေးကာ မျိုးစုံ​​ထောက်ပံ့​ပေးခဲ့​ပေမယ့် ​​အောင်မြင်လာတဲ့အချိန်မှာ ​ကောင်​လေးဘက်က ​​​ကျေးစွပ်သလိုလုပ်လာသလို ပီတာဘက်က ...
movie

Peter von Kant (2022)

2022