Channel Myanmar

Kim Bo-Ra

Ghost Mansion(2021) 6.5
Ghost Mansion(2021) Ghost Mansion (2021)အခုတစ်ခေါက်မှာတော့ တော်တော်လေးကြည့်ကောင်းပြီး အသစ်စက်စက်ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ကြည့်လို့တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ထုံးစံအတိုင်းမြှုပ်ကွက်လေးတွေပါလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် Cast တွေကတော့ Sung-Joon, Kim Hong-Pa, Kim Bo-Raတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျူလိုင် ၁၅ရက်နေ့ကတင် ရုံတင်ထားတဲ့ ရုံတင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်ကျိန်စာတိုက်ခံထားရတဲ့ အိမ်ယာတစ်ခု ဇာတ်လမ်းကတော့ အဲ့ဒီကျိန်စာတိုက်ခံထားရတဲ့ ဂွမ်းနင်း အိမ်ယာအကြောင်းကနေစပါတယ် အဲ့ဒီအိမ်ယာက ထူးဆန်းတဲ့ဖြစ်ရပ်တွေ ခြောက်ခြားဖွယ်တွေ ဖြစ်တတ်လို့ ကျော်ကြားတဲ့ အိမ်ယာတစ်ခုပါ တစ်ရက်မှာ အဲ့ဒီအိမ်ယာကို Webtoon ကာတွန်းရေးဆရာတစ်ယောက် ဇာတ်လမ်းယူဖို့ရောက်လာခဲ့ပါတယ် သူကအဲ့ဒီအိမ်ယာ ထိန်းသိမ်းရေးလူကြီးတစ်ယောက်နဲ့ သူကတွေ့ဆုံပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကို နားထောင်ဖို့ရောက်လာခဲ့တဲ့ သူတစ်ယောက်ပေါ့ အဲ့ဒီအိမ်ယာထိန်းသိမ်းရေး လူကြီးက Webtoon ကာတွန်းဆရာကို အဲ့ဒီအိမ်ယာမှာနေခဲ့တဲ့ သူတွေရဲ့ စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ်အဖြစ်ဆိုးတွေကို တစ်ခုချင်းပြောပြပါတော့တယ် ဘာတွေပြောပြတယ် ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တိုင်ပဲ ...
movie

Ghost Mansion(2021)

2021
Perfect Number(2012) 7.0
Perfect Number(2012) Perfect Number(2012)ဒီဇာတ်ကားလေးကတော့ အတော်များများစိတ်ဝင်စားတတ်ကြတဲ့ ကိုရီးယား Crime Mystery-drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်ထက်မြက်တဲ့ဉာဏ်ရည်ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းသင်္ချာဆရာတစ်ယောက်ရှိတယ်...သူက တစ်ယောက်ထဲနေတတ်တဲ့သူမို့ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာ သိပ်တော့အံဝင်လေ့မရှိ... ဒါပေမယ့်သူတစ်ဖက်သတ်သိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်...ဒီအမျိုးသမီးဟာတစ်ခုလပ်တစ်ယောက်..တစ်နေ့တော့ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဟောင်းဖြစ်သူကိုမတော်တဆသတ်မိသွားတယ်...ဒီအရေးကိုသိတဲ့ သင်္ချာဆရာဟာ သူချစ်တဲ့အမျိုးသမီးအမှုအခင်းကလွတ်ဖို့အရေး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကိုကောင်းကောင်းအသုံးချပြီးကာကွယ်ဖို့ကြိုးစားပါတော့တယ်...မှုခင်းထောက်လှမ်းရာမှာတော်တဲ့ရဲတွေကရော အမှုမှန်ကိုဖော်ထုတ်နိုင်မလား..သင်္ချာဆရာဖြစ်သူရဲ့လှည့်စားမှုအောက်ကို ရောက်သွားမလားဆိုတာကိုတော့ကြည့်ကြပါကုန်....ဒီကားက တကယ်ကို့စိတ်လှုပ်ရှားစရာပါ..ကိုရီးယားတွေ ဒီလိုဇာတ်မျိုးဆို ရိုက်ကူးရာမှာ အတော်ပိုင်လေ့ရှိတယ်...ရင်တဖိုဖိုနဲ့ကို စဆုံးဆွဲခေါ်ပြီး စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်....File Size : (950 MB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…01:55:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by Phyo Pyae
movie

Perfect Number(2012)

Shoot Me in the Heart (2015) 7.1
Shoot Me in the Heart (2015)  Shoot Me In The Heart ဇာတ်ကားကတော့ Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.1/10 Box office - US$2.6millionဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။"တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် "***ဇာတ်လမ်းအညွှန်း***Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့် ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။ ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့ ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲကြီးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။ ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ ပြောလာခဲ့မှာဆိုရင်တော့.... ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ... တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ...ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ ...
movie

Shoot Me in the Heart (2015)

2015