Channel Myanmar

Kim Molina

Girlfriend Na Pwede Na(2023) 6.5
Girlfriend Na Pwede Na(2023) Girlfriend na pwede na (2023) imdb6.5/10ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူးဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ.... ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ... သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ် File size…1.82GB / 679MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Girlfriend Na Pwede Na(2023)

2023
Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
Unforgettable (2019) 8.1
Unforgettable (2019) Unforgettable(2019)(unicode)ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ ​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။ တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဥ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မ​ပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ???? ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ???? သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ...
movie

Unforgettable (2019)

Miss Granny (2018) 8.0
Miss Granny (2018) Miss Granny (2018)_____IMDb - 8.0/10   ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie

Miss Granny (2018)

2018
Luck at First Sight (2017) 8.4

Luck at First Sight (2017)

2017