Channel Myanmar

Kim Nam-jin

Poetry (2010) 7.8
Poetry (2010) [Unicode]Poteryဒီရုပ်ရှင်ရဲ့နာမည်ကလေးက ကဗျာပါ။ ကဗျာဆိုတာ ဘာလဲ အရှင်းဆုံးပြောပြရရင်တော့ အနုပညာတစ်ခုပါပဲ။အနုပညာဆိုတာကရော...။ တစ်ခါတလေမှာ အနုပညာနဲ့ အတတ်ပညာဟာ ရောထွေးသွားတတ်ပါတယ်။ အနုပညာမှာ အတတ်ပညာဟာ အရေးပါပေမယ့် အတတ်ပညာသက်သက်နဲ့လုပ်တဲ့ ဖန်တီးမှုတစ်ခုဟာ ဘယ်တော့မှ အနုပညာလက်ရာတစ်ခုဖြစ်မလာပါဘူး။ သေချာရေရာတဲ့ စိတ်ခံစားမှုအဟုန်မပါပါဘဲ ကျွမ်းကျင်ရုံသက်သက် ရေးဆွဲထားတဲ့ ရုပ်ပုံတစ်ချပ်ဟာ ပန်းချီတစ်ချပ်ဖြစ်မလာပါဘူး။ အနုပညာမှာ အတတ်ပညာပါပေမယ့် အတတ်ပညာဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်မျှပါ။ စာအရေးအသားပိုင်နိုင်ရုံသက်သက်ရေးထားတဲ့ ကဗျာတစ်ပုဒ် သီချင်းတစ်ပုဒ်ဟာ ကဗျာဖြစ်မလာပါဘူး။အတိအကျတော့မဟုတ်ပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ အနုပညာပစ္စည်းတကယ့်အစစ်တစ်ခုမှာ ကဗျာလို သီချင်းလို ပန်းချီလို အားလုံးနဲ့ခံစားလို့ရတဲ့ အရည်အသွေးရှိပါတယ်။ နိုင်မြန်မာရဲ့ အခုတော့ပါးစပ်ရာဇဝင်ကလေးတစ်ခုဖြစ်ခဲ့ပြီနဲ့ ဝါဆိုဟာ သီချင်းလည်းဖြစ် ကဗျာလည်းဖြစ် ပန်းချီလည်းဖြစ်ပါတယ်။ စိုင်းခမ်းလိတ်ရဲ့ အချစ်ဆိုတဲ့အရသာ သီချင်းဆိုလည်း တန်းမြင့်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာလည်း ကဗျာပါပဲ။ ပန်းချီကို စကားလုံးမပါတဲ့ကဗျာလို့ ဆိုကြသေးသကိုး။ ကဗျာကလည်း စကားလုံးပန်းချီပါပဲ။ အားလုံးဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာပိုင်းခြားလို့မရအောင် ဆက်သွယ်နေပါတယ်။ဒီတော့ ကဗျာတစ်ပုဒ်ရေးဖို့ တကယ်တမ်းလိုတာက စကားလုံးပိုင်နိုင်မှု မဟုတ်ပါဘူး။ စိတ်ခံစားချက်ပါ။ ဒါကို ဒါရိုက်တာက ကဗျာသင်တန်းရဲ့နောက်ဆုံးနေ့မှာ တစ်ဦးတည်းသောကဗျာရေးနိုင်သူတစ်ယောက်နဲ့ မီးမောင်းထိုးပြသွားပါတယ်။ အဲ့ဒီလူက အယ်ဇိုင်းမားရှိတဲ့ အဘွားအိုပါ။ သူ့နာမည်က ယန်းမီဂျာ။ဒီကဗျာကို သူ ...
movie

Poetry (2010)