Channel Myanmar

Kim Sae-ron

The Man from Nowhere (2010) 7.8
The Man from Nowhere (2010) IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie

The Man from Nowhere (2010)

HEVC 1080p
The Neighbors (2012) 6.5
The Neighbors (2012) The Neighbors (2012)_____IMDb - 6.5/10 အလွှာစုံ၊ လူမျိုးစုံ နေထိုင်တဲ့ အိမ်ရာဝန်းကြီးထဲမှာ လူသတ် မှုတွေ ဆက်တိုက်ဖြစ်လာတယ်။အသတ်ခဲ့ရတဲ့သူအများစုက မိန်းကလေးတွေ။ နောက်ဆုံးအသတ်ခံရသူ ကောင်မလေးဆို အလယ်တန်းကျောင်းသူလေး။မိုးကလည်း သည်း၊ မီးတွေက လည်း ပျက်နေတဲ့ ည ကျောင်းအပြန်မှာ အသတ်ခံခဲ့ရတာ။ လူသတ်ကောင်ဟာ ပြစ်မှုကျူးလွန်ပြီးရင် ခရီးဆောင်အိပ် Luggage ကြီးထဲမှာ အလောင်းကို ထည့်ပြီး စွန့်ပစ်တဲ့ အလေ့အထရှိတယ်။ ရဲကလည်း တရားခံကို မဖော်ထုတ်နိုင်တော့ အိမ်ရာမှာ နေတဲ့သူအားလုံး ကျီးလန့်စာစား စိုးတထိတ်ထိတ်နဲ့နေထိုင် ကြရတယ်။ကိုယ့်အခန်းနဲ့ကိုယ် တသီးတခြား နေတတ်တဲ့ အိမ်ရာတွေရဲ့ သဘာဝ တစ်ဦးအကြောင်းကို တစ်ဦးက ဂဃဏန မသိကြလေတော့ အချင်းချင်း သံသယမျက်လုံး တွေနဲ့ပဲ ကြည့်နေကြရင်း တကယ့်တရားခံဟာ ပျောက်ဆုံး နေဆဲပဲ။ စိတ္တဇဆန်တဲ့ လူသတ်ကောင်ကတော့ အရင်သတ်ပြီးခဲ့တဲ့ မိန်းကလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ နောက်ထပ်ကျောင်းသူ တစ်ဦးကို မျက်စိကျပြီး ချောင်းနေပြီ။အိမ်ရာထဲက အခန်း မှာပဲ လူသတ်မှုတွေကို ပိပိရိရိ သွေးအေးအေးနဲ့ ကျူးလွန် ခဲ့တဲ့ လူသတ်သမားကို သေသွားတဲ့ မိန်းကလေးရဲ့ မိထွေး၊ အိမ်ရာလုံခြုံရေးဝန်ထမ်း အဘိုးကြီး၊ ငွေတိုးချေးစားတဲ့ ထောင်ထွက်လူမိုက်၊ အိတ်အရောင်းဆိုင် ပိုင်ရှင် နဲ့ ...
movie

The Neighbors (2012)

2012
Ordinary People / The Villagers (2018) 5.8
Ordinary People / The Villagers (2018) လက်ဝှေ့ချံပီယံဟောင်း တစ်ဦးဖြစ်သူ ဂီချွဲသည် အနားယူပြီးနောက် ကျောင်းတစ်ခုမှာ အားကစားနည်းပြ ဝင်လုပ်ခဲ့သည် သို့သော် ကလေးတွေဗန်းပြပြီး ရံပုံငွေသဲ့ယူ ကလေးတွေကို မငှဲ့ညှာပေးတဲ့ လူကြီးတွေ နဲ့ ရန်ဖြစ်ပြီးနောက် ဂီချွဲရဲ့ မဟုတ်မခံစိတ်ကြောင့် အလုပ်ထွက်ခဲ့ရပြန်ပါတယ်... ဒီလိုနဲ့ နယ်မြို့လေး တစ်မြို့ က မိန်းကလေးသီးသန့် အထက်တန်းကျောင်း တစ်ခုမှာ ထပ်ပြီး အလုပ်ရခဲ့တယ် အားကစား နည်းပြဆရာ အဖြစ်နဲ့ပါ... မြို့ကို ရောက်ရောက်ခြင်းပဲ ဂီချွဲတစ်ယောက် တွေ့လိုက်ရတာကတော့ လူပျောက်ကြေငြာစာ တစ်ခုပဲ ဖြစ်ပါတယ်... အဲ့ဒီနောက် သူတာဝန်ကျတဲ့ မြို့ က အတော်ထူးဆန်းတာကိုလဲ သတိထားမိခဲ့တယ်... မြို့တင်ပဲလား ဆိုတော့ မကပါဘူး ကျောင်းမှာလဲ ဂီချွဲကို ဆရာလို လေးစားမယ့် တပည့် တစ်ယောက်မှ မရှိပါဘူး အဲ့ဒီထဲကမှ လူပျောက်ကြေငြာထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂန်ယူဂျင်း နဲ့ စတင်တွေ့ခဲ့ရပါတော့တယ် ယူဂျင်း ဟာ သူငယ်ချင်းဖြစ်သူ ရုတ်တရက်ပျောက်သွားတာကို တိုင်တန်းခဲ့ပေမဲ့ ဒီတိုင်း မြို့က ထွက်ပြေးသွားတယ်ဆိုကာ ရဲ နဲ့ ကျောင်းက အရေးမယူပဲ ဒီတိုင်း နေခဲ့ပါတယ်... ယူဂျင်း နဲ့ ဂီချွဲ ရင်းနှီးသွားသော အခါ ဒီကျောင်းက ကျောင်းသူတွေဟာ ခဏခဏ ပျောက်ဆုံးလျက် ရှိကြောင်း ဂီချွဲ သိခဲ့ပြီး နောက်မှာ ယူဂျင်း နဲ့ အတူ ...
movie

Ordinary People / The Villagers (2018)

2018